Thursday, December 31, 2009

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


The political process is not tied to any particular doctrine. Genuine political doctrines, rather, are the attempt to find particular and workable solutions to this perpetual and shifty problem of conciliation.

Bernard Crick
နိုင်ငံရေးလုပ်ငန်းစဉ်ဆိုတာ အယူဝါဒတစ်ခုနဲ့ ချည်နှောင်မထားရဘူး။ တကယ်စစ်မှန်တဲ့ နိုင်ငံရေးဝါဒလမ်းစဉ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ သင့်မြတ်ရေးပြဿနာတွေအတွက် အလုပ်ဖြစ်မယ့် ဖြေရှင်းနည်းလမ်းတွေရအောင် ကြိုးစားခြင်းဖြစ်တယ်။
ဘားနတ်ခရစ်

A conservative is a man with two perfectly good legs who, however, has never learned how to walk forward.
Franklin D. Roosevelt
ကွန်ဆာဗေးတစ်ဆိုတာ ကျန်းမာသန်စွမ်းတဲ့ ခြေထောက်နှစ်ချောင်းရှိနေပါလျက် ရှေ့ကိုဘယ်လိုလျှောက်ရမယ်ဆိုတာ ဘယ်တော့မှ မသင်ကြားသူကိုခေါ်တယ်။
ဖရန်ကလင်ရုစဗဲ့

Politicians are people who, when they see light at the end of the tunnel, go out and buy some more tunnel.
John Quinton
နိုင်ငံရေးသမားဆိုတာ ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်ကိုတွေ့ရင် အဲဒီကနေ အပြင်ထွက်ပြီး နောက်ထပ်ဥမင်လိုဏ်ခေါင်းတွေ ထပ်ဝယ်တဲ့လူတွေကိုခေါ်တယ်။
ဂျွန်ကွင်တင်

We have, I fear, confused power with greatness.
Stewart Udall
အာဏာနဲ့ ကြီးမြတ်မှုကို ရောထွေးနေကြတာကို ကျွန်တော်စိုးရိမ်မိတယ်။
စတူးဝပ်အူဒါး

A conservative is a man who just sits and thinks, mostly sits.
Woodrow Wilson
ကွန်ဆာဗေးတစ်ဆိုတာ ထိုင်ပြီးစဉ်းစားနေတဲ့လူကို ခေါ်တာ။ တကယ်ကတော့ ထိုင်နေတာက များတာပါပဲ။
ဝုဒရိုးဝီလ်ဆင်

I'm not a leftist, I'm where the righteous ought to be.
M. M. Coady
ကျွန်တော်ဟာ လက်ဝဲသမား မဟုတ်ပါဘူး။ ကျွန်တော်ဟာ မှန်တဲ့လူတွေ ရှိရမယ့်နေရာမှာ ရှိနေသူပါ။
အမ်၊ အမ်၊ ကိုအာဒီ

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics