Sunday, December 27, 2009

ထိတွေ့ဆက်ဆံရေး စည်းမျဉ်းသုံးပါး - မောင်စူးစမ်း


ရှဲဒိုး
မြန်မာ့နိုင်ငံရေးတွင် ထိတွေ့ဆက်ဆံရေးဆိုသော အယူအဆ ခေတ်စားလာသည်။ သို့သော် ဤအတွက် စည်းမျဉ်းမရှိသေးပေ။ နိုင်ငံရေးလောကအတွက်သာ မရှိသေးသော်လည်း ဘိဇနက်စီမံခန့်ခွဲမှုတွင်မူ Rules of Engagement သုံးပါးရှိသည်။ ယင်းတို့မှာ
(၁) ဘော့စ်၏ အမြင်ကို နားလည်ပါ
(၂) ကန့်သတ်ချက်တို့ကိုသိပါ နှင့်
(၃) ရှဲဒိုးအဖွဲ့အစည်းတို့ကို စီမံခန့်ခွဲပါတို့ဟူ၍ ဖြစ်သည်။

အောက်လေးဆင့်
ဘော့စ်နေရာတွင် "ထိပ်ပိုင်းအာဏာအရှိဆုံးသူ" ဟု အစားထိုးသုံးစွဲလျှင် နိုင်ငံရေးလောကအတွက်လည်း ဤသုံးပါးသည် အကျုံးဝင်သွားလိမ့်မည်ဟု ယူဆသည်။ ရှဲဒိုးအဖွဲ့အစည်းတို့ဆိုသည်မှာ မမြင်ရသောကွန်ရက်နှင့် တန်ဖိုးတို့ကို ရည်ညွှန်းသည်။ တစ်နည်းပြောလျှင် ပုန်းလျှိုးဝှက်လျှိုးနေသော မဟာမိတ်နိုင်ငံရေး အစစ်အမှန်တို့နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ခြင်းဖြစ်သည်။

ထိတွေ့ဆက်ဆံရေးကိစ္စကို ဆောင်ရွက်လျှင် ရင့်ကျက်မှုနှင့် ဉာဏ်ပညာလိုသည်။ အသွင်ကူးပြောင်းရေးကာလတွင် ဤသို့ ပိုပြီးလိုအပ်သည်။ ဂျာမန်တို့သည် တစ်ခုခုဖြစ်လျှင် "ဘာကြောင့်" "Why" ကို ငါးကြိမ်မေးတတ်သည်။ အကြောင်းမူ အကြောင်းတရားသည် အပေါ်ယံ၏ အောက်လေးဆင့်၌ ရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

မောင်စူးစမ်း
အညွှန်း - Harvard Business Review

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၈ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics