Sunday, December 27, 2009

ဒီသတင်းတွေ ဖတ်လိုက်ရတယ်


(၁) ယူကရိန်းပြည်ထဲရေးဝန်ကြီးကို အတိုက်အခံပါတီအမတ် လက်သီးဖြင့်ထိုး
(၂) ပါလက်စတိုင်း အကျဉ်းသား ၁၀၀၀ နှင့် အစ္စရေးစစ်သားတစ်ဦးလဲလှယ်ရေး အစ္စရေးအစိုးရ မဆုံးဖြတ်နိုင်သေး
(၃) ဖိလစ်ပိုင်သူပုန်မများ သတင်းစာဆရာဟန်ဆောင်၍ ရဲစခန်းကို ၀င်စီး
(၄) သိန်းထောင်ချီတန် အိမ်ခြံမြေများ ဈေးနှုန်းကျရိပ်ပြ
(၅) ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းအထိ လာဖွယ်ရှိဟုဆို
(၆) မြန်မာနိုင်ငံ ပထမဆုံး ပြိုင်ကားမောင်းပြိုင်ပွဲ နိုင်ငံခြားသားများ ယှဉ်ပြိုင်ဖွယ်ရှိ

  • ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပမည်
  • ၀င်ကြေး - ၅၀၀၀၀ ကျပ်
  • ပထမဆု - ကျပ် ၁၀ သိန်း, ဒုတိယဆု - ကျပ် ၅ သိန်း, တတိယဆု - ကျပ် ၁ သိန်း
(၇) ဒီဇယ်ဆီ တစ်ပီပါ ကျပ်တစ်သိန်းခွဲအောက် ပြန်ရောက်
(၈) ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်မှု MFF ကန့်ကွက်စာတင်မည်
(၉) မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန်
  • မြန်မာ့ရိုးရာဆိုင်းအဖွဲ့များသည် မြန်မာဆိုင်းသမားစဉ်အတိုင်း တီးခတ်ရမည်။
  • မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်းတူရိယာများဖြစ်သော အော်ဂင်၊ ကီးဘုတ်၊ ဘင်သီဆိုက်ဇော၊ ဒရမ်ဆက်၊ ဂီတာ၊ အနောက်တိုင်း လေမှုတ်တူရိယာများ၊ မြန်မာ့ရိုးရာနှင့် မကိုက်ညီသော တူရိယာများနှင့် တွဲဖက်အသုံးပြု တီးမှုတ်ဖျော်ဖြေခြင်း မပြုရန်။
  • မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးနှင့် တွဲဖက်သီဆိုသော အဆိုတော်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဟီရိသြတ္တပတရားကင်းမဲ့သည့် လျှပ်ပေါ်လော်လီသော သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်းများကို မပြုလုပ်ရန်။
  • မြန်မာ့ရိုးရာဆိုင်းဝိုင်း ဖျော်ဖြေတင်ဆက်မှုတွင် ဆိုင်းအဆိုတော်များသည် ဆိုင်းဝိုင်းကြီးရှေ့တွင် သီဆိုဖျော်ဖြေခြင်း မပြုလုပ်ရန်။
  • မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေမှု၌ လျှပ်စစ်မီးဆလိုက်များနှင့် အသံချဲ့စက်များကို တွဲဖက်အသုံးပြုနိုင်ပြီး မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေတင်ဆက်ပွဲများ၌ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်တင်၍ ဇာတ်ခုံပြင်ဆင်မွမ်းမံခြင်းကို ပြုလုပ်နိုင်သည်။
(၁၀) ဆာဒူးကြီးအပါအ၀င် တိုင်းရင်းဆေးအချို့ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်
  • အဖောချဆီးဆေး
  • ခို အမှတ်တံဆိပ် နှလုံးအားတိုးဆေး
  • အာယုဒီဃသြသဓ (ဇော်ဂျီပုံတံဆိပ်)
  • ဂေါမုတ္တ ကြက်ညှာကျဗဟုံးဆေး
  • ဒေါ်ရွှေသွေးဆေး
  • နန်းတွင်းသိင်္ဂီသက်စောင့်ဆေးကြီး
  • ဘွမ်ဘရိုင်မီးယပ်သွေးလေဆေးမှုန့်
  • သဇင်ဥသွေးဆေး
  • ဆင်လင်းအောင် အဖြေကျော်ဆေး
  • ဥဒေါင်းမင်းတံဆိပ် အဖျားအမျိုးမျိုးနှင့် ငှက်ဖျားအမြစ်ဖြတ်ဆေးကြီး
  • ဆာဒူးကြီးအမှတ်တံဆိပ် ဆေး(၄)မျိုး
(၁၁) မြန်မာ-တရုတ် ရေနံပိုက်လိုင်း CNPC တည်ဆောက်ခွင့်ရရှိ
  • China National Petroleum Corporation (CNPC)
(၁၂) ရွှေဈေးခြောက်သိန်းအောက်ပြန်ရောက်၊ ရောင်းသူများပြား
(၁၃) တရုတ်ဆလွန်း ၁၀၆ စီး ပထမဦးဆုံးအကြိမ် နယ်စပ်မှ တင်သွင်းမည်
(၁၄) ရိုင်ယန်ဂစ်သာလျှင် ဆယ်စုနှစ်၏ အကောင်းဆုံးဘောလုံးသမားဟု အာစင်ဝင်းဂါး သတ်မှတ်

ဒီအပတ် The Voice ဂျာနယ်ဖတ်မိတဲ့အထဲက စိတ်ဝင်စားမိတဲ့ သတင်းလေးတွေပါ။ တချို့သတင်းလေးတွေဆိုရင် အတွေးတွေ တသီကြီးကျန်ခဲ့ရတယ်။ သတင်းတစ်ခုကိုဖတ်ပြီး ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားရတာ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတယ်ဗျ။

No comments:

Post a Comment

 
Web Statistics