Saturday, December 26, 2009

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


Liberalism is trust of the people tempered by prudence. Conservatism is distrust of the people tempered by fear.

William E. Gladstone, 1866
လစ်ဘရယ်ဝါဒဆိုတာ ဆင်ခြင်တုံတရား အသားကျနေသူတွေရဲ့ ယုံကြည်မှုဖြစ်တယ်။ ကွန်ဆာဗေးတစ်ဝါဒဆိုတာ ကြောက်ရွံ့ခြင်း အသားကျနေသူတွေရဲ့ မယုံကြည်မှုဖြစ်တယ်။
ဝီလျံဂလက်စတုန်း

When I was a boy I was told that anybody could become President; I'm beginning to believe it.
Clarence Darrow
ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးတယ်။ လူတိုင်းဟာ သမ္မတ ဖြစ်နိုင်တယ်တဲ့။ အခု ကျွန်တော်အဲဒါကို ယုံကြည်စပြုလာပြီ။
ကလဲရင့်ဒါရိုး

George Washington is the only president who didn't blame the previous administration for his troubles.
Author Unknown
မိမိရင်ဆိုင်ရတဲ့ ဒုက္ခတွေအတွက် မိမိအရင် အစိုးရကို အပြစ်မတင်တဲ့ တစ်ဦးတည်းသော သမ္မတကတော့ ဂျော့ဝါရှင်တန်ပါပဲ။
အမည်မသိ

Truth is not determined by majority vote.
Doug Gwyn
အမှန်တရားဆိုတာ အများစုမဲနဲ့ ဆုံးဖြတ်လို့မရ။
ဒေါက်ဂွင်း

The Democrats are the party that says government will make you smarter, taller, richer, and remove the crabgrass on your lawn. The Republicans are the party that says government doesn't work and then they get elected and prove it.
P.J.O'Rourke
သူတို့ပါတီ အစိုးရဖြစ်လာရင် ခင်ဗျားတို့ကို ပို၍ကောင်းမွန်အောင်၊ ပို၍ မြင့်မားအောင်၊ ပို၍ ချမ်းသာအောင် လုပ်ပေးမယ်။ ခင်ဗျားခြံထဲက မြက်တွေကို ရှင်းပေးမယ်လို့ပြောတာ ဒီမိုကရက်တွေ။ အစိုးရက ဘာမှမလုပ်ဘူးလို့ပြောပြီး ရွေးကောက်တင်မြှောက်ခံရတဲ့အခါ အဲဒီအတိုင်း သက်သေပြသူတွေက ရီပက်ဘလေကန်တွေ။
ပီဂျေအိုရော့ကဲ

A conservative is a man who believe that nothing should be done for the first time.
Alfred Wiggam
ကွန်ဆာဗေးတစ်ဆိုတာ ပထမဦးဆုံး ဘာမှ လုပ်စရာမလိုဘူးလို့ ယုံကြည်သူကို ခေါ်တယ်။
အဲဖရက်ဝစ်ဂမ်း

Why pay money to have your family tree traced; go into politics and your opponents will do it for you.
Author Unknown
ခင်ဗျားရဲ့ ဆွေစဉ်မျိုးဆက်ဇယားခြေရာကောက်ဖို့ ဘာကြောင့် ပိုက်ဆံအကုန်ခံမလဲ။ နိုင်ငံရေးထဲသာဝင်လိုက်ပါ။ ခင်ဗျားရဲ့ ပြိုင်ဘက်တွေက အဲဒီအလုပ်ကို လုပ်ပေးကြလိမ့်မယ်။
အမည်မသိ

Some men change their party for the sake of their principles; others their principles for the sake of their party.
Winston Churchill
တချို့လူတွေက သူတို့ယုံကြည်တဲ့ အခြေခံမူတွေအလို့ငှာ ပါတီပြောင်းတယ်။ တချို့လူတွေက သူတို့ပါတီအကျိုးအလို့ငှာ သူတို့ရဲ့ အခြေခံမူတွေကို ပြောင်းပစ်တယ်။
ဝင်စတန်ချာချီ

If God had been a Liberal there wouldn't have been Ten Commandments, there would have been Ten Suggestions.
Malcolm Bradbury, After Dinner Game, 1982
အကယ်၍ ဂေါ့ဒ်ဟာ လစ်ဘရယ်တစ်ယောက်ဖြစ်ခဲ့ရင် ပညတ်တော်ဆယ်ပါးရယ်လို့ ရှိခဲ့မှာမဟုတ်။ အကြံပြုချက်ဆယ်ခုသာ ရှိခဲ့ပေလိမ့်မည်။
မာလ္ကြမ္ဘရက္ဘာရီ

A conservative is one who admires radicals centuries after they're dead.
Leo Rosten
ကွန်ဆာဗေးတစ်ဆိုတာ ရာဒီကဲလ် (တော်လှန်ပြောင်းလဲရေးသမား) တွေကို သူတို့သေပြီး ရာစုနှစ်များစွာ ကြာပြီးတော့မှ ချီးကျူးဂုဏ်ပြုတတ်သူတွေကို ခေါ်တယ်။
လီယိုရော့စတင်း

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics