တနင်္ဂနွေမင်း နတ်ရွာစံလျှင် အိမ်ရှေ့မင်း နန်းတက်၍ မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံလေသည်။ ထိုမင်းသည် တိုင်းရေးပြည်ရေးကို အရေးမစိုက်သည့်ပြင် ငယ်ဆရာ ရာဇနန္ဒကိုသာ မြှောက်စား၍ မှူးမတ်အချို့ကို သတ်ဖြတ်လေသည်။ တိုင်းပြည်ကို နိုင်နင်းအောင် မထိန်းသိမ်းနိုင်သဖြင့် ယိုးဒယား၊ ဇင်းမယ်၊ ရှမ်းနယ်၊ မွန်နယ်များက ထောင်ထားကြလေသည်။ မဏိပူရတပ်များသည် အင်းဝအနီးသို့ရောက်အောင် ထိပါးလေသည်။ မတ္တရာကွေ့ ရှမ်းတို့လည်း ကွဲပြားလေသည်။ ပြည်ထောင်များသည် ဖရိုဖရဲဖြစ်လေ၍ ဟံသာဝတီတွင် အင်းဝလက်အောက်ခံ မြို့ဝန်ကို လုပ်ကြံသတ်ဖြတ်ကာ သမိန်ထောကိုလည်းကောင်း၊ တစ်ဖန် မောင်နဲကိုလည်းကောင်း၊ တစ်ဖန် ဆင်ဝန်မောင်သာလှကို ဗညားဒလ အမည်နှင့်လည်းကောင်း မွန်တို့က မင်းမြှောက်လေသည်။ ၁၁၁၃ ခုနှစ်တွင် မွန်တို့သည် ပင်လယ်ခရီးကူးသန်းသော နိုင်ငံခြားသားတို့ထံမှ လက်နက်အကူအညီရ၍ အထက်မြန်မာနိုင်ငံကို ချီတက်လေရာ အင်းဝသို့ပင် သိမ်းပိုက်၍ မဟာဓမ္မရာဇာဓိပတိမင်းနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ဆောင်ယူသွားလေသည်။ ထိုမင်းသည် ဟံသာဝတီပါမင်းဟု ထင်ရှားလေတော့သည်။
Friday, January 15, 2010
၁၁။ မဟာဓမ္မရာဇာဓိပတိမင်း (ကြာသပတေးမင်း ၁၀၉၅-၁၁၁၃)
Posted by Ko Nyan Posted Time 9:37 AM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment