Monday, February 15, 2010

Ink Sketches by Hla Myint Swe


မြန်မာပန်းချီဆရာ လှမြင့်ဆွေ၏ မင်ခြစ်ပန်းချီပြပွဲကို စင်ကာပူနိုင်ငံ၊ ဒန့်ဆေးလမ်းရှိ ဂျွန်အားဒေါ့ပန်းချီပြခန်း၌ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ နေ့စဉ် နံနက် (၁၀)နာရီမှ ညနေ (၆)နာရီအထိ ပြသလျက်ရှိသည်။ ယင်းပန်းချီကားများ အချပ်(၃၀)ခန့်အနက် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ အချပ် (၂၀) ရောင်းချခဲ့ရပြီး တစ်ချပ်လျှင် စင်ကာပူဒေါ်လာ (၁၂၀၀)ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။
အသေးစိတ်သိလိုလျှင် John Erdos Art သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

နမူနာ မင်ခြစ်ပန်းချီကား အချို့ကို ကူးယူဖော်ပြပေးလိုက်ပါသည်-

hms1.gif

hms2.gif

hms3.gif

စင်ကာပူထုတ် The Straits Times သတင်းစာတွင် အသိအမှတ်ပြု ရေးသားဖော်ပြထားသော ဆောင်းပါးရှင် Deepika Shetty ၏ သတင်းဆောင်းပါး Myanmar tribes inked (မြန်မာတိုင်းရင်း မင်ခြစ်ပန်းချီ) ကို ဒီနေရာမှာ ဖတ်ပါ။

***၀န်ခံချက်***
လျှပ်တစ်ပြက်သတင်းဂျာနယ်မှာပါတဲ့ ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာ ဖော်ပြထားတဲ့ သတင်းကိုဖတ်ပြီး ကျန်တာတွေကို အင်တာနက်မှာ လိုက်ရှာဖြစ်သွားတာပါ။

No comments:

Post a Comment

 
Web Statistics