Sunday, March 21, 2010

သံဝေဂဘွဲ့ - စလေဦးပုည


ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။

ကိုင်ပုတီး၊ သီးသီးညှာအကြွေနှင့်
မေဓာဝီသူတို့ထုံးလို၊
ဘုန်းမွေ့တော့မယ်။

ဘာဝနာ…၊
သစ်နက်ကယ်၊ လျှော်တေဟာနှင့်၊
မန်းသေလာ၊ တောင်အကွေ့မှာလ၊
ယနေ့ပင်၊ တ၀ါဆိုတော့မယ်၊
ယဉ်နဂို၊ ညိုညိုနုရယ်၊
မင်းသာဓုပေး။

No comments:

Post a Comment

 
Web Statistics