Sunday, March 21, 2010

မျက်ဖြေလင်္ကာ - အနန္တသူရိယအမတ်


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည်၊ ရေပွက်ပမာ၊
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊
မချွတ်စသာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊
သံသာစက်၌၊ ကြိုက်လတ်တုန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချန်ဘိစစ်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။

No comments:

Post a Comment

 
Web Statistics