ကြက်တို့သည်
မိမိသခင်ကို
အော်၍ အော်၍ ပြောပေးသည်။
ယခု
အာရုံဆွမ်းချက်ချိန် ရောက်ပြီ
တွန်၍ အော်၍
စိတ်ပါ လက်ပါ အတောင်ပါပါ
ရိုက်ခတ်ပြီး ပြောပေးသည် တွန်သည်။
နောက်
ယခု နေ့လည် ရောက်ပြီ
ပြောပေးသည် တွန်ပေးသည်။
နောက်
ညနေပိုင်း ရောက်ရင်
ညစာ ထမင်းချက်ချိန် ရောက်ပြီ
ပြောပေးသည် တွန်ပေးသည်။
နောက်
ညကျရင်
အိပ်ရာဝင်ချိန် ရောက်ပြီနော်
တွန်၍ ပြောပေးသည်
နံနက် စောစော ထချိန်
ဆွမ်းချက်ချိန်
အကျယ်ကြီး တွန်၍ ပြောပေးသည်။
နောက်
မိုးလင်းတော့မယ်နော
လူကြီးတွေ ထပြီ
ခလေးတွေ ထကြ ထကြ
တွန်၍ အော်ပြီး ပြောပေးသည်။
နောက်
ကြက်တို့သည်
ငါတို့လို မိုးလင်းမအိပ်
စောစော အိပ်တန်းက
ဆင်းကြတယ်
အစားအစာရှာ စားကြတယ်
ကြက်ဖကြီးက
အစာတွေ့ရင်
ခေါ်ပြီး ကျွေးပေးသည်။
ကြက်မကြီးက
သူ့သားလေးတွေကို
မြေမှာ ယက်,ယက် ကုတ်,ကုတ် ပြီး
အစားအစာ ရှာပေးတယ်
အစားအစာ တွေ့ရင်
နှုတ်သီးနဲ့ ပြပေးတယ်
အမေကြီး အရင်မစားဘူး
သားသမီးတွေ ပြပေး ကျွေးပြီး
သူက နောက်မှ စားသည်
ကြက်များ မိသားစုစိတ်ရှိ
ငါတို့လည်း...
နောက်
ဘေးရန်ရှိက
ကြက်ဖကြီးက
အကျယ်ကြီး ပြောပေးသည်
ပြေး,ပြေး ပုန်း,ပုန်း
လူတွေ မမြင်စေနဲ့
ကြောက်စရာ ကောင်းတယ်
ငါတို့ကို သတ်ချက်စားတယ်
ဝမ်းနည်းတယ် ပုန်း,ပုန်း တိတ်တိတ် နေကြ
နောက်
ကြက်ဖကြီးသည်
ခွပ်တတ်သည်
ကန်တတ်သည်
ဆိတ်တတ်သည်
တွန်တတ်သည်
ကြက်ဖကြီးသည်
အေးအတူ ပူအမျှ
ကျင့်သုံးသည်။
နောက်
ကြက်မကြီးသည်
စောင့်ရှောက်သည်
ဝပ်ပေးသည်
ခလေးတွေ အစားအစာရှာပေးသည်
သူက အရင်မစား
နောက်မှား
ခလေးတို့ကို
အရင် ပေး,စားသည်
မိခင်စိတ် အပြည့်...
ကြက်ဖကြီး
တစ်ရက်တွန်မဟုတ်
နေ့စဉ် နေ့တိုင်း
ယခု - ဘယ်အချိန်
ဘယ်နှစ်နာရီ ရှိပြီနော
ထကြ ထကြ
ခလေးတွေပါ ထ,ထ
အိပ်ရာဝင်ချိန်
အိပ်ရာထချိန်
ထမင်းချက်ချိန်
ထမင်းစားချိန်
ပြောပေးသည်
တွန်၍ တွန်၍
ယခု အိပ်ချိန်
ယခု ထချိန်
ယခု အလုပ်,လုပ်ချိန်
တွန်၍ တွန်၍
ပြောပေးတာ
တစ်ရက်မဟုတ်။
Thursday, April 08, 2010
နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ (ကြက်ပညာ)
Posted by Ko Nyan Posted Time 5:17 PM
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment