ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လ် - ၃ (ဒုတိယအကျော့)
မန်ချက်စတာယူနိုက်တက် ၃ - ၂ ဘိုင်ယန်မြူးနစ်

ဒုတိယပိုင်းအစမှာ မန်ယူကပဲ ကစားကွက်စိုးမိုးအောင် ကြိုးစားကစားခဲ့ပါတယ်။ ဘိုင်ယန်တို့အနေနဲ့ သူတို့ရဲ့ ကစားကွက်တည်မိအောင် ကြိုးစားလို့မရ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်ယူက ရာဖေးလ်ရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ဘိုင်ယန်က ရီဘာရီရဲ့ ပရိယာယ်ကြားမှာ ဒိုင်လူကြီးရဲ့ အ၀ါကတ်တစ်ခုကြောင့် ပြိုင်ပွဲရဲ့ရသ ပျက်သုဉ်းသွားခဲ့ရပါတယ်။ ရာဖေးလ်ရဲ့အနီကတ်ဟာ သူ့ကိုသာမဟုတ်ဘဲ မန်ယူအသင်းကိုပါ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်လိုက်တဲ့ အနီကတ်ဖြစ်သွားခဲ့ရပါတယ်။ ၁၀ ယောက်ဖြစ်သွားရတဲ့ မန်ယူအသင်း ကစားပုံပျက်သွားခဲ့ပြီး ပွဲဟာလည်း ပထမပိုင်းနဲ့ လုံးဝဆန့်ကျင်စွာပဲ ဘာဘောလုံးရသမှ မပေးနိုင်တော့တဲ့ ပွဲစဉ်တစ်ခု ဖြစ်သွားခဲ့ရပါတယ်။ တကယ်ဆိုရင် ရာဖေးလ်ဟာ အ၀ါတစ်ကတ် ရထားပြီးဖြစ်တဲ့အတွက် ဒိုင်လူကြီးအနေနဲ့ နောက်ဆုံးသတိပေးခြင်းသာ ပြုလုပ်သင့်ပါတယ်။ ရာဖေးလ်ရဲ့ လုပ်ရပ်ဟာ ပြစ်ဒဏ်ဘောဖြစ်တယ်ဆိုတာ လက်ခံလို့ရပေမယ့် အ၀ါကတ်ပြလောက်တဲ့အထိတော့ မပြင်းထန်ဘူးလို့ ထင်မိပါတယ်။ ခြေထောက်ကို ဖျက်ထုတ်တာလည်းမဟုတ်၊ ဂိုးသွင်းခါနီးမှာ နောက်ဆုံးခံစစ်မှူးအနေနဲ့ ပြစ်ဒဏ်လုပ်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရီဘာရီရဲ့ ကတ်ပြဖို့ တောင်းဆိုဖိအားပေးမှုကို ဒိုင်လူကြီးက လိုက်လျောခဲ့ပါတယ်။ အရေးကြီးတဲ့အချိန်မှာ ကစားပုံအရမ်းကောင်းနေတဲ့ အဓိက ကစားသမားတစ်ယောက် လျော့သွားတဲ့အတွက် မန်ယူအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ကစားကွက်ပြန်စီးလာခဲ့ပြီး မန်ယူတို့ကတော့ တန်ပြန်တိုက်စစ်နဲ့သာ ကစားနေခဲ့ရပါတယ်။ ရသမျှ အခွင့်အရေးတွေကိုသာ မန်ယူအသင်းက အသုံးချနိုင်ခဲ့မယ်ဆိုရင် ၁၀ ယောက်ကျန်နေတဲ့ အချိန်မှာတောင် အနိုင်ဂိုးတွေ ထပ်ရနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် နာနီရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ကားရစ်ရဲ့ အပိုင်ပိတ်သွင်းမှု ဂိုးပေါ်ကျော်သွားတာနဲ့ ဖလက်ချာရဲ့ ဂိုးထောင့်ကို အပိုင်ကန်သွင်းမှု လွဲချော်သွားခဲ့တာ၊ နာနီရဲ့ တစ်ကိုယ်တော်ထိုးဖောက် ဂိုးသွင်းမှုကို ဘိုင်ယန်ဂိုးသမား လက်တစ်ဖက်နဲ့ ပုတ်မိသွားတာတွေဟာ မန်ယူအသင်းအတွက် နစ်နာလှပါတယ်။ အဲဒါကြောင့်လည်း ရီဘာရီရဲ့ ထောင့်ကန်ဘောပေးပို့မှုကို ရော်ဘင်က မြေမကျ volley ကန်သွင်းပြီး ဒုတိယချေပဂိုး ရယူသွားခဲ့ပါတယ်။ အဲဒီဂိုးရပြီးနောက်မှာတော့ ရော်ဘင်ကိုထုတ်ပြီး ဘိုင်ယန်တို့က ဘောလုံးကိုင်ကစားကာ ပွဲအရှိန်ကို ထိန်းသွားခဲ့ပါတယ်။
အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးစီသရေကျခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ မန်ယူတို့ ချန်ပီယံလိဂ်ကို လက်ပြခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်တို့ကတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
(ပထမအကျော့အပြီးမှာ ကျွန်တော့်ခန့်မှန်းထားချက် - ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ မန်ယူပဲ အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဂိုးတွေအပြန်အလှန်သွင်းပြီး မန်ယူအသင်း နှစ်ဂိုးမပြတ်မှာကိုပဲ စိုးရိမ်မိတာပါ။ တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ကိုတော့ ကျွန်တော်လုံးဝ မမျှော်လင့်ထားပါဘူး။)
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လ် - ၄ (ဒုတိယအကျော့)
ဘော်ဒိုး ၁ - ၀ လိုင်ယွန်

(ပထမအကျော့အပြီးမှာ ကျွန်တော့်ခန့်မှန်းထားချက် - ဒါကြောင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း လိုင်ယွန်ကပဲ လိုချင်တဲ့ရလဒ်ကို ထိန်းကစားသွားပြီး ဆီမီးဖိုင်နယ်ကို တက်လာလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။)
ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်တို့ ထိပ်တိုက်တွေ့မယ့် ပွဲစဉ်ဟာ စိတ်ဝင်စားဖို့တော့ ကောင်းနေဦးမှာပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်လ်ကို တက်ရောက်လာနို်င်ခဲ့တဲ့ ပြင်သစ်ကလပ်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ရီးရဲလ်လိုအသင်းမျိုးကိုတောင် ဖြုတ်ချထားနိုင်ခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ မန်ယူလို့ ရေးပန်းစားနေတဲ့အသင်းကို ဖြုတ်ချခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ ဘယ်အသင်းက ပိုခြေစွမ်းထက်သလဲဆိုတာကို စောင့်ကြည့်ကြရအောင်ပါ။ အင်္ဂလန်ကလပ်တွေ မပါတော့တဲ့ ဆီမီးဖိုင်နယ်လ်ပွဲစဉ်တွေဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်၊ ကြာသပတေးနေ့။
ညနေ ၄ နာရီ ၁၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်၊ ကြာသပတေးနေ့။
ညနေ ၄ နာရီ ၁၂ မိနစ်တွင်ပြီး၏။


No comments:
Post a Comment