အော်-ဖော်ဝေးမစုံ၊ ဆွေးဘို့ကြုံအောင်၊ တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်းစန်းငွေလ၊ စန္ဒရနှင့်၊ ပုဏ္ဏာ့တာရာ၊ ကြယ်ဝိသာလဲ၊ အာကာမြင့်ခေါင်၊ ကွန့်ရွှန်းငယ်ပြောင်သည်၊ တိမ်မှောင်ချွေလို့ လင်းတော့တယ်၊ သံဝှန်ငယ်ညောင်းငြိမ့်၊ စည်မောင်းလှိမ့်လို့၊ ၀တိန့်ခွန်ဆွတ်၊ နတ်များထွတ်ကို၊ သခွတ်စားငယ်၊ ပြည်သမီးရင်း၊ လက်စကြွင်းကြောင့်၊ ရင်တင်းငယ်လှယ်သည်၊ စစ်ဆွယ်ပြိုင်လို့ ကျင်းတော့တယ်။
သင်းမြေနံ့တကြိုင်။ စကားရွှေဝါနှင့်၊ ညောင်သီဒါရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။ မြိုင်မြစ်စုံယမုန်ခပါတဲ့၊ ပြည်အမရမဏ္ဍိုင်၊ ခရိုင်နယ့်တ၀ိုင်း။ သို့ချိန်ဆီ၊ ရင့်ကျူးပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီပွေလို့ ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။
နံကိုင်းဇေယျ၊ ပြည်သန်လျက်ခုံ၊ ကြက်နှစ်စုံလဲ၊ ရွှေပုညနှင့်၊ ပတ္တမြာ့စစ်၊ ပြာယမိုက်ဆင်၊ မန်းသိုက်ဝင်တဲ့၊ ရှင်ပင့်ဖြစ်ကို၊ စိစစ်ဖွဲ့ကုံး၊ အိုဘဲ့နှယ်ဆုံးပေလိမ့်။
ခွေနုံးတဲ့ဗျာသီ။ သူလဲမြင်တော်လာနှင့်၊ ကန္တာမှာ ဖန်ရာကြုံ့ပါဘိ၊ လွမ်းပုံ့ပွေလီ။ ထီးတရာပဏ္ဏာကြို့ပါတဲ့၊ မင်းနေမြို့ဌာနီ၊ သည်ဆီထင့်ရော်ရမ်း။ နယ်ရှစ်ခွင်၊ နတ်စစ်ကယ် ဗျူဟာဆင်လို့၊ မြော်အမြင်ထင်အတွေးနှင့်၊ ဝေးကမောင်ပန်း။
Wednesday, May 05, 2010
လကဆုန် - ဦးကြင်ဥ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment