Wednesday, May 19, 2010

တာရာမင်းဝေရဲ့ ကဗျာ


အဲဒီစာအုပ်က
သူ့ကိုယ်သူ ကတ်ထူအင်္ကျီနဲ့ ပြန်ချုပ်တယ်
အဘိဓာန်နည်းနည်း လုပ်မလို့တဲ့။

စီးကရက်က ပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ချင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့… တဲ့။
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)

ဖိနပ်က
လှေခါးခြေရင်းမှာရပ်တယ်။
သူ့အမေက
အလှူအိမ်တွေဘက် မသွားဖို့ မှာလိုက်တယ်တဲ့။

တီ…တီ…တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ။
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။

ဂေါက်သီးရိုက်တံကလည်း
မြေကြီးထရံမှာ သူ့ကို ချိတ်ထားလိုက်ပါတဲ့။
"ကျင်း" တွေကို နာခံရတာ "ကျဉ်း" တယ်ဆိုပဲ။

ဆေးပုလင်းကို စားပွဲပေါ်တင်လိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ။

အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မယဉ်သာ။

[ကောင်းကင်အကြွေကောက်တဲ့လက် မှ]

No comments:

Post a Comment

 
Web Statistics