Saturday, May 08, 2010

နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ (၂)


သစ္စာ - ၄ - ပါး
ဆင်းရဲကြောင်း.......... သမုဒယသစ္စာ
ဆင်းရဲတာ................ ဒုက္ခသစ္စာ
ဆင်းရဲချုပ်ကြောင်း..... မဂ္ဂသစ္စာ
ဆင်းရဲချုပ်တာ............ နိရောဓသစ္စာ

စာဖတ်များရင်
အကြားအမြင်
ဗဟုသုတများ
ဆောင်ဖို့ ရှောင်ဖို့
သင်ခန်းစာတွေ
သိ သိ သိ
သိတော့ ကျင့်
ကျင့်တော့
ကြီးပွားကြောင်း။

တရားမသိ (၁၀) ဦး

  1. မူးနေတဲ့သူ
  2. တဏှာကြီးနေသူ
  3. ထမင်းဟင်း ဆာနေသူ
  4. ရူးနေသူ
  5. ဒေါသကြီးနေသူ
  6. မေ့မြောနေသူ
  7. ကြောက်လန့်နေသူ
  8. လောဘကြီးနေသူ
  9. ဖျားနာနေသူ
  10. မောဟကြီးနေသူ

စကား (၁၀) မျိုး
  1. ပြောသင့်ချိန်ကျမှ ပြော
  2. အဓိပ္ပါယ်ရှိရှိ ပြော
  3. မှန်တဲ့တရား ရွေးပြော
  4. အကျိုးစီးပွားဆိုင်ရာ ပြော
  5. ချစ်ခင်မင်စွာ ပြော
  6. မတိုမရှည် ပြော
  7. အမြန်ကြီး မပြောရ
  8. ပြုံးရွှင်၍ ပြော
  9. ပြတ်သားစွာ ပြော
  10. ပညာရှိပမာ ချိုချိုသာသာ ပြော

လူသားတိုက်ပွဲ ........... လောကဓံ
ကျောင်းသားတိုက်ပွဲ .... စာမေးပွဲ
စစ်သားတိုက်ပွဲ ........... စစ်မြေပြင်

    ဟံသာဝတီပြည် ဓမ္မစေတီမင်းကြီးကို ကျည်းပြည်မှ ပညာရှင်များ ပညာလာမေးကြသည်။ ၁၀ ပုဒ် မေးခွန်းကို ဓမ္မစေတီမင်းကြီး ဖြေသည်။
    • တစ်က ဘုရား ဖြစ်တယ်။
    • နှစ်က ကုသိုလ် အကုသိုလ် ဖြစ်တယ်။
    • သုံးက ပိဋကတ် ဖြစ်တယ်။
    • လေးက သစ္စာ ၄ ပါး ဖြစ်တယ်။
    • ငါးက ဤကမ္ဘာ ဘုရားငါးဆူ ဖြစ်တယ်။
    • ခြောက်က နတ်ပြည်ခြောက်ထပ် ဖြစ်တယ်။
    • ခုနစ်က အဘိဓမ္မာ ခုနစ်ကျမ်း ဖြစ်တယ်။
    • ရှစ်က မဂ္ဂင်ရှစ်ပါး ဖြစ်တယ်။
    • ကိုးက ဂုဏ်တော်ကိုးပါး ဖြစ်တယ်။
    • တစ်ဆယ်က ဉာဏ်တော် ၁၀ ပါး ဖြစ်တယ်။

    Related:
    ၁။ နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ နိဒါန်း
    ၂။ နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ (ကြက်ပညာ)
    ၃။ နီတိ ဒဿန အဟောဝတ သြ၀ါဒကထာများ (၁)

    No comments:

    Post a Comment

     
    Web Statistics