Thursday, May 13, 2010

ဆက်လက်ရပ်တည်ခွင့် ပျက်ပြယ်သွားသော ပါတီများ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၈/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရန် နောက်ဆုံးနေ့ရက် အသိပေးကြေညာချက်ကို ဧပြီ ၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ကော်မရှင်သို့ လျှောက်ထားခွင့်ရှိသည့် အချိန်ကာလမှာ မေလ ၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။

ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်းမရှိသော ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ကြေညာချက်အရ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် ပါတီ (၁၀)ခု အနက်မှ အောက်ဖော်ပြပါ ပါတီ (၅)ခုသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်သည်။

  1. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
  2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
  3. ပြည်ထောင်စုပအိုဝ်း အမျိုးသားများအဖွဲ့ချုပ်
  4. ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ
  5. "၀" အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၈)
အထူးအချပ်ပိုမှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment

 
Web Statistics