ဒီမိုကရေစီသေဆုံးခြင်းဟာ ချုံခိုတိုက်ခိုက်လုပ်ကြံခံရလို့တော့ မဖြစ်နိုင်ဘူး။ ဘာကိုမှ စိတ်မ၀င်စားခြင်း၊ ဘာသိဘာသာနေခြင်းနဲ့ အသိဉာဏ်ပညာ ၀မ်းစာချို့တဲ့ခြင်းတို့ကြောင့် ဒီမိုကရေစီဟာ တဖြည်းဖြည်း မျိုးတုံးသွားလိမ့်မယ်။
ပြည်သူ့ရေးရာမှာ စိတ်မ၀င်စားဘဲ ဘာသိဘာသာနေခြင်းရဲ့ တန်ဖိုးရလဒ်ကတော့ ဆိုးယုတ်သူများရဲ့ အုပ်ချုပ်မှုကို ခံရခြင်းပဲ ဖြစ်လိမ့်မယ်။
- ပလေတို
The price of apathy towards public affairs is to be ruled by evil men. - Plato
သူတို့ဟာ ညံ့ဖျင်းတဲ့ သတင်းစာတွေကိုထုတ်ဖို့ သစ်ပင်ကောင်းတွေကို ခုတ်လှဲပစ်ကြတယ်။
They kill good trees to put out bad newspapers.
သတင်းဆိုးက မြန်မြန်ပျံ့နှံ့တယ်။ သတင်းကောင်းက ရှုခင်းသာလမ်းကြောင်းကနေ ဖြည်းဖြည်းလာတယ်။
Bad news travels fast. Good news takes the scenic rout.
သတင်းစာပညာမှာ မြန်ရေး နဲ့ မှန်ရေး အကြား အမြဲတမ်း အားပြိုင်နေတတ်တယ်။
In journalism, there has always been a tension between getting it first and getting it right.
သတင်းစာဆရာဆိုတာ မကျေမနပ် ညည်းညူတတ်သူ၊ ပြစ်တင်ဝေဖန်သူ၊ အကြံဉာဏ်ပေးသူ၊ အစိုးရမင်းများကိုယ်စား ရင်ခွင်ပိုက်အုပ်ချုပ်သူ၊ တိုင်းသူပြည်သားတို့ရဲ့ နည်းပြဆရာ ဖြစ်တယ်။ အတိုက်အခံသတင်းစာ လေးစောင်ဟာ လှံစွပ်တစ်ထောင်ထက် ကြောက်စရာပိုကောင်းရဲ့။
A journalist is a grumbler, a censurer, a giver of advice, a regent of sovereigns, a tutor of nations. Four hostile newspapers are more to be feared than a thousand bayonets.
သတင်းစာပညာဆိုတာ လော့ဒ်ဂျုန်း သက်ရှင်ထင်ရှား ရှိခဲ့တယ်ဆိုတာကိုတောင် မသိသူတွေကို "လော့ဒ်ဂျုန်းသေပြီ" လို့ ပြောတာမျိုးက အဓိကပါဝင်တယ်။
Journalism consists largely in saying "Lord Jones is dead" to people who never knew Lord Jones was alive.
သတင်းစာဆိုတာ စနစ်တကျ အတင်းပြောခြင်းပဲ။
Journalism is organized gossip.
7Day News ဂျာနယ်
အတွဲ (၉) အမှတ် (၈)
ကြာသပတေး၊ မေ ၁၃၊ ၂၀၁၀
စာမျက်နှာ - ၂၉
အတွဲ (၉) အမှတ် (၈)
ကြာသပတေး၊ မေ ၁၃၊ ၂၀၁၀
စာမျက်နှာ - ၂၉
No comments:
Post a Comment