Monday, June 14, 2010

မြန်မာ့သွေးဘလော့ဂ်ကို ပြန်ဖတ်လို့ရပါပြီ


ပြီးခဲ့တဲ့နှစ်ရက်က co.cc မှာလုပ်ထားတဲ့ အကောင့်က expired ဖြစ်သွားလို့ ဘလော့ဂ်ကို လာဖတ်တဲ့လူတွေအတွက် အနှောင့်အယှက် ဖြစ်သွားရတယ်။ အီးမေးလ်တွေနဲ့ မေးကြတယ်။ ဂျီတော့ခ်မှာလည်း ဖွင့်လို့မရတော့ဘူးဆိုပြီး အော့ဖ်လိုင်းမက်ဆေ့ခ်ျတွေ ထားခဲ့ကြတယ်။ ကမ္ဘာ့ဖလားက နှိပ်စက်ထားလေတော့ ကျွန်တော်လည်း ဖြစ်ဖြစ်ချင်းမသိလိုက်ဘူး။ မနေ့ညက အင်တာနက်သွားသုံးတော့မှ သိရတော့တယ်။ ဖြစ်ချင်တော့ co.cc မှာ ဘယ်အကောင့်နဲ့ register လုပ်ထားမှန်း သတိမရတော့ဘူး။ သူငယ်ချင်းတစ်ယောက် လုပ်ပေးထားတာဆိုတော့ သူ့ကိုဆက်သွယ်တာလည်း ဖုန်းလည်းဆက်လို့မရ၊ လိုက်ရှာလို့မတွေ့နဲ့ တစ်ညလုံး စိတ်ဆင်းရဲစွာနဲ့ ဒီအတိုင်းနေလိုက်ရတယ်။ ဒီနေ့မနက်ကျမှပဲ လုပ်ပေးထားတဲ့ သူငယ်ချင်းကို အကူအညီတောင်းရတယ်။ ဟော... လုပ်ပေးတဲ့သူငယ်ချင်းက အကူအညီပေးတော့လည်း အဖြစ်ကမနှစ်ကနဲ့ မတူဘူးလို့ ဆိုရမယ်။ password ကို ဘာပေးထားမိမှန်း မသိလို့ နှစ်ယောက်သား ချာချာလည်နေတော့တာပဲ။ ဖြစ်နိုင်တဲ့ password တွေကို လိုက်ရိုက်ကြည့်ရင်းနဲ့မှ ကျွန်တော်တို့နှစ်ယောက်မှာ password အဲလောက်ပေါမှန်း သိရတော့တယ်။ ကျွန်တော်ကလည်း အဲဒီတုန်းက ကျွန်တော်များ ပေးမိသလားဆိုပြီး password တွေကို တစ်မျိုးပြီးတစ်မျိုး ရိုက်ထည့်တယ်။ သူကလည်း သူပေးခဲ့ဖူးတဲ့ဟာတွေကို တစ်ခုပြီးတစ်ခု ရိုက်ထည့်တယ်။ စိတ်ထဲမှာ ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး။ အကောင့်အသစ်တစ်ခု လုပ်လို့လွယ်ပေမယ့် ဒီနာမည်နဲ့ပဲ ပြန်လိုချင်နေမိတာကြောင့် ရအောင်ကြိုးစားခဲ့ကြတယ်။ ကံတရားက ကျွန်တော်တို့ဘက်မှာ ရှိခဲ့တယ်လို့ ဆိုရမယ်ထင်ပါရဲ့။ တစ်နာရီလောက် ခေါင်းစားပြီးတဲ့အချိန်မှာတော့ ရိုက်ထည့်လိုက်တဲ့ password တစ်ခုက မှန်သွားခဲ့ပါတယ်။ ပျော်လိုက်တဲ့ဖြစ်ခြင်း။

အခုတော့ မြန်မာ့သွေးဘလော့ဂ်ကို ကျွန်တော့်မိတ်ဆွေတွေ ပြန်ဖတ်နိုင်ပါပြီ။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း တကူးတကန့် လာဖတ်ကြပေမယ့် အဆင်မပြေခဲ့ကြသူတွေအတွက် တောင်းပန်လိုက်ပါတယ်။ သင်တို့ရဲ့ ဖတ်ရှုအားပေးမှုအတွက်လည်း ကျေးဇူးတင်လျက်ပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၀၃ မိနစ်။

No comments:

Post a Comment

 
Web Statistics