Tuesday, June 08, 2010

တတိယ ငါ - မောင်ယဉ်မှူး


ငါ့ကိုနင်း
အလျဉ်းသည်းခံနိုင်ပါသည်။

ငါ့ချိုးဖဲ့
နှဲ့ချင်နှဲ့
ရွဲ့ချင်ရွဲ့။

ငါ့ပုတ်ခတ်
ခွင့်လွှတ်ကြည်သာနိုင်ပါသည်။

င့ါကောက်ကျစ်
ထစ်လိုထစ်
ညစ်လိုညစ်။

ချွန်မြည့်နက်မြ၊ ငါ့မာနသာ
ထိရှခတ်ငြိ၊ သူများထိမှာ
တတိယ ငါ...
တတိယ ငါ....
စိုးရိမ်ပါ၏။

No comments:

Post a Comment

 
Web Statistics