Tuesday, July 27, 2010

အတွေ့အကြုံနှင့် အတွေးအကြံ


အတွေ့အကြုံ မည်မျှပင် များနေစေဦးတော့၊ ထိုအတွေ့အကြုံ၌ အတွေးအကြံမပြုလျှင် တစ်ပါးလူသားတို့အတွက် (၀ါ) လောကသားတို့အတွက် ဘာမျှ အကျိုးကျေးဇူး မများနိုင်ဟု ထင်ပါသည်။

အတွေ့အကြုံ အတန်အသင့် နည်းပါးစေဦးတော့၊ အတွေးအကြံဘက်၌ လေးနက်စူးရှလျှင် ထိုသူတို့၏ အတွေးအကြံသည် လူ့လောကကို ကျေးဇူးပြုတတ်မြဲ ဖြစ်သည်ဟု ဆိုသင့်ပါသည်။

ပညာရှိဆိုသည်မှာ ထိုကဲ့သို့သော သူမျိုးကို ဆိုသည်ဟုလည်း အထင်ရောက်မိပါသည်။

အောင်သင်း
အတွေ့အကြုံနှင့် အတွေးအကြံ
ဥဿာ၊ နိုဝင်ဘာ၊ ၁၉၉၀

No comments:

Post a Comment

 
Web Statistics