Monday, August 02, 2010

ရှေ့နေကျော်


သန့်ရှင်းစင်ကြယ်၊ အသွယ်သွယ်ကို
အကယ်သိထွေ၊ ဆိုကောင်းပေသည်
ပဒေပဒါ၊ ကျယ်ဝန်းစွာ၍
နာသာရုံမျှ၊ ပြပြီးမှလျှင်
မိတ္တတို့အား၊ စကားအရာ
အဖြာဖြာကို၊ သိသာလှစေ
ဆိုတုံပေသော်၊ စကားမွှေ
စကားနှောက်၊ စကားလှောက်
စကားထား၊ စကားသွား
စကားလာ၊ စကားညှာ
စကားနှိပ်၊ စကားမိတ်
စကားလှယ်၊ စကားဖယ်
စကားသွေး၊ စကားလေး
စကားပေါ့၊ စကားလျော့
စကားတင်း၊ စကားသွင်း
စကားမြှူ၊ စကားချူ
စကားခေါ်၊ စကားချော်
စကားယှက်၊ စကားဝှက်
စကားဖန်၊ စကားထန်
စကားနှိပ်၊ စကားရိပ်
စကားဖမ်း၊ စကားဆန်း
စကားမွှေး၊ စကားထွေး
စကားလှိုင်း၊ စကားဝိုင်း
စကားသာ၊ စကားနာ
စကားငေး၊ စကားမေး
စကားလျောက်၊ စကားနောက်
စကားသင်၊ စကားတင်
စကားတည်၊ စကားရှည်
စကားတို၊ စကားဖို
စကားမ၊ စကားလှ
စကားပင်၊ စကားနှင်
စကားဆုံး၊ စကားရှုံး
စကားထိုင်၊ စကားပိုင်
စကားမြေ၊ စကားနေ
စကားပွ၊ စကားကြွ
စကားတတ်၊ စကားနှပ်
စကားသိပ်၊ စကားချိတ်
စကားသွမ်း၊ စကားခြမ်း
စကားမှတ်၊ စကားဟပ်
စကားလာ၊ စကားဖြာ
စကားသွေ၊ စကားသေ
စကားရှင်၊ စကားရွှင်
စကားအုပ်၊ စကားချုပ်
စကားမြှောက်၊ စကားခြောက်
စကားဟိန်း၊ စကားချိန်း
စကားနေ။ စကားတွေကို
ညီဆွေတပည့်၊ မှတ်လှည့်တို့ပါ
သုဘာသိတ၊ ပီယသစ္စာ
ဓမ္မာအပြား၊ အင်လေးပါးနှင့်
ညီသဖြင့်လျှင်၊ ဆိုခွင့်ဆိုရာ
အဖြာဖြာကို၊ သေချာစေ့ငု
ပညာရှု၍၊ ဗဟုကိစ္စ
ဟူသမျှနှင့်၊ သိပ္ပအပြား
အပါးပါးကို၊ မှတ်သားလေက
ညီမိတ္တကား၊ ထင်ရှားလူတော်
ရှေ့နေကျော်....။

ဦးစိန်ဝင်း (ပန်းတောင်း)

No comments:

Post a Comment

 
Web Statistics