Saturday, August 21, 2010

ဓမ္မပဒဂါထာ (၄၈)


ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တညေ၀ ကာမေသု၊ အန္တကော ကုရုတေ ၀သံ။

ပန်းခြွေမ၀ခင် နွမ်းကြေရပြီ
ပန်းတွေကို
တစ်ပွင့်ပြီးတစ်ပွင့်
ခူးဆွတ်နေတဲ့
ပန်းဆွတ်သမားလို
ကာမဂုဏ်အာရုံတွေကို
တစ်ခုပြီးတစ်ခု
ရှာဖွေခံစားရင်း
စိတ်တွယ်တာကပ်ငြိနေတဲ့
ပုထုဇဉ်လူသားကို
ကာမဂုဏ်အာရုံတွေ
ရှာဖွေရရှိခံစားစုဆောင်းလို့
အားမရသေးခင်မှာပဲ
သေမင်းက
ဘ၀ဆုံးအောင်ပြုလုပ်ရင်း
သူ့အလို ပြည့်ဝအောင်
ပြုလုပ်လိုက်ပါတယ်။

No comments:

Post a Comment

 
Web Statistics