Friday, August 20, 2010

မသေသူများ - မြန်မာ့အသံကျော်ဦး


စလေဦးပုည၊ အနိစ္စသဘော
ရွေ့လျောခန္ဓာ၊ ပျောက်ကွယ်ပါလည်း
နာမာအမည် တည်တံ့ဆဲ။

မဟာဗန္ဓုလ၊ အနိစ္စသဘော
ရွေ့လျောခန္ဓာ၊ ပျောက်ကွယ်ပါလည်း
နာမာအမည် တည်တံ့ဆဲ။

မြ၀တီဦးစ၊ အနိစ္စသဘော
ရွေ့လျောခန္ဓာ၊ ပျောက်ကွယ်ပါလည်း
နာမည်အမည် တည်တံ့ဆဲ။

တကယ်တော့မူ၊ ထိုထိုသူတို့
ပြုမူစွမ်းဆောင်၊ များမြောင်အကျိုး
အမျိုးမျိုးကို၊ သည်ပိုးဆောင်ရွက်
သို့အတွက်ကြောင့်၊ ဘယ်ရက်ဘယ်တာ
ဘယ်သောခါမှ သူတို့မသေ။

ညီးညီးပြောင်ပြောင်၊ သူ့စွမ်းဆောင်ချက်
တစ်လက်လက်သည်
ဆယ်သက်ကမ္ဘာ တည်ဦးမည်။

No comments:

Post a Comment

 
Web Statistics