Monday, August 23, 2010

ဓမ္မပဒဂါထာ (၄၉)


ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။

ပန်းလည်းလှစေ ပျားလည်းဝစေ
ပျားပိတုန်းဟာ
ပန်းပွင့်ကိုလည်း မဖျက်ဆီး၊
ပန်းပွင့်ရဲ့
လှပတဲ့အဆင်းနဲ့
သင်းပျံ့တဲ့ရနံ့ကိုလည်း
မထိခိုက်စေဘဲ
ပန်းဝတ်ရည်ကို
သောက်သုံးယူငင်ပြီး
ပျံသန်းသွားသလို
တရားအသိ အမြဲရှိတဲ့
ရဟန်းပုဂ္ဂိုလ် ရှင်ပုဂ္ဂိုလ်ဟာလည်း
ရွာသူမြို့သား ဒကာ ဒကာမများရဲ့
သဒ္ဓါကိုလည်း မဖျက်ဆီး၊
ပစ္စည်းကိုလည်း
မဆုတ်ယုတ်စေဘဲ
ရွာထဲမြို့ထဲမှာ
ဆွမ်းခံလှည့်လည်တော်မူပါတယ်။

No comments:

Post a Comment

 
Web Statistics