Tuesday, August 24, 2010

ဓမ္မပဒဂါထာ (၅၀)


န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ။

ကိုယ့်အလုပ်ကိုယ်လုပ်
မလိုမုန်းထားသူတွေရဲ့
ဆန့်ကျင်ဘက်
အပြစ်ဖွဲ့စကားတွေကို
မကျေမနပ်စိတ်နဲ့
တေးမှတ်ကြည့်ရှုမနေပါနဲ့။
သူတစ်ပါးတို့
ကောင်းတာလုပ်ပြီးပြီလား
မကောင်းတာ ရှောင်ပြီးပြီလား
ဆိုတာတွေကိုလည်း
အလုပ်တစ်ခုလုပ်ပြီး
ဂရုစိုက်ကြည့်ရှုမနေပါနဲ့။
ကိုယ်ကောင်းတာလုပ်ပြီးပြီလား
ကိုယ်မကောင်းတာရှောင်ပြီးပြီလား
ဆိုတာကိုပဲ
အမြဲမပြတ်
ကြည့်ရှုဆင်ခြင်စမ်းပါ။

No comments:

Post a Comment

 
Web Statistics