Thursday, August 26, 2010

လူမှုရေးရာ သိတတ်ပါ


နေ့ညချင့်နှိုင်း၊ ကာလပိုင်း၊ ပျော်တိုင်းမအိပ်နဲ့။

အရေးချင့်နှိုင်း၊ ခြားနားပိုင်း၊ သိတိုင်းမပြောနဲ့။

ဆင်ခြင်တွေးတော၊ လူ့သဘော၊ ပြောတိုင်းမယုံနဲ့။

လျှို့ဝှက်သင့်ငြား၊ သူတစ်ပါး၊ အားလုံးမပုံနဲ့။

သူတစ်ပါးကို၊ အမျက်သို၊ ပြင်ကိုမထွက်နဲ့။

စကားပြောဆို၊ မှန်ကင်းလို၊ ကိုယ်ကိုမမြှောက်နဲ့။

သူများချီးမြှောက်၊ စိတ်ကြီးရောက်၊ မမြောက်မကြွနဲ့။

အာရုံငါးဖြာ၊ သွေးဆောင်ရာ၊ အာသာမမက်နဲ့။

အကျင့်မမှား၊ စည်းဆို့ထား၊ တရားမလွန်နဲ့။

အရမ်းမော်ကား၊ နှုတ်ထွက်ကြွား၊ စကားမကျွံနဲ့။

No comments:

Post a Comment

 
Web Statistics