Monday, August 09, 2010

VOICE ဂျာနယ်ထဲမှာ ဖတ်မိတဲ့ မြန်မာသတင်းအချို့


မြန်မာနိုင်ငံသားများအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက်ဗီဇာစနစ် မလေးရှားဖျက်သိမ်း

  • မြန်မာနိုင်ငံအပါအ၀င် အာရှတိုက်ရှိ နိုင်ငံရှစ်နိုင်ငံအပေါ် ခွင့်ပြုပေးနေသည့် စနစ်ဖြစ်၊
  • သြဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း သိရှိရ၊
  • ထိုစနစ်အမြဲတမ်းရပ်စဲရခြင်း အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံမှ အလည်အပတ်လာရောက်သူ လေးသောင်းခန့်သည် ဆိုက်ရောက်ဗီဇာစနစ် အသုံးချ၍ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်လျက်ရှိသည့်အတွက်ဖြစ်၊
  • ထိုစနစ် ဖျက်သိမ်းလိုက်သဖြင့် ခေါ်စာ Calling ဖြင့် ဗီဇာမယူဘဲ သွားရောက်ကြသူများသည် မဖြစ်မနေ ဗီဇာယူကြရတော့မည်ဖြစ်၊
  • ဆိုက်ရောက်ဗီဇာစနစ် ဖျက်သိမ်းလိုက်သော နိုင်ငံများမှာ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်(တိုင်ပေ)၊ ကူမာရောကျွန်းစုနိုင်ငံ

မြန်မာ-စင်ကာပူ ကုန်သွယ်မှုပမာဏ လျော့ကျသော်လည်း တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ်ရောက်ရှိ
  • ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ သန်းငါးဆယ်ဖိုးခန့် လျော့နည်းသွားသော်လည်း စင်ကာပူသည် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရောက်ရှိလာ၊
  • ယခင် အဆင့် ၅ နေရာမှ အဆင့် ၃ နေရာသို့ ရောက်ရှိလာခြင်းဖြစ်၊
  • ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် မြန်မာ-စင်ကာပူ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၆၀ သန်းကျော် ရှိခဲ့၊ ပို့ကုန် ၃၆% နှင့် ကျန် ၆၄% မှာ သွင်းကုန်ဖြစ်၊
  • ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၁၀ သန်းကျော် ရှိခဲ့၊ ပို့ကုန် ၄၄.၉% နှင့် သွင်းကုန် ၅၄.၁% ဖြစ်၊
  • စင်ကာပူနိုင်ငံသည် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံသာဖြစ်ခဲ့သော်လည်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင်မူ အိန္ဒိယကိုကျော်တက်ပြီး တတိယနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်၊
  • မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့နှင့် သစ်တောထွက်ကုန်များ တင်ပို့၊
  • စင်ကာပူမှ မြန်မာနိုင်ငံသို့ စက်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စတီးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဓာတ်မြေသြဇာတို့ တင်သွင်း၊
  • စင်ကာပူတစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေဖြင့် လဲလှယ်နှုန်းမှာ သြဂုတ်လ ၄ ရက်နေ့တွင် ၇၄၁ ကျပ်ဖြစ်၊

ငါးသိန်းတန်ဖုန်းကြောင့် ဂျီအက်စ်အမ်ဖုန်းကတ်အပါအ၀င် ပြင်ပဖုန်းဈေး သိန်းဂဏန်းကျ၊ လူထောင်ချီတိုးဝှေ့လျှောက်
  • ငါးသိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထူးကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော E Lite Tech ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ချထားပေးနေခြင်းဖြစ်၊
  • ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် နယ်မြေအကန့်အသတ်မရှိ အသုံးပြုခွင့်ပြုထား၊
  • ငါးသိန်းတန်ဖုန်းကတ် လျှောက်ထားသူသည် နေ့စဉ် နှစ်ထောင်နှင့် သုံးထောင်ကြား ရှိနိုင်သည်ဟု သိရ၊
  • အဆိုပါဖုန်းကတ်များကို နယ်မြေအကန့်အသတ်မရှိ အသုံးပြုခွင့်ပေးမှုကြောင့် ပြင်ပ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ရောင်း၊ ၀ယ်၊ ငှား လုပ်ငန်းများအပေါ် ထိခိုက်မှုများစွာ ရှိခဲ့ပြီး ဈေးကွက်ရပ်ဆိုင်းသွားကြောင်းသိရှိရ၊
  • ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း တစ်လုံးလျှင် ယခုအခါ ၁၁ သိန်းခွဲ၊ ဆယ်လူလာဖုန်းမှာ ၇ သိန်း၊ စီဒီအမ်အေမှာ ၉ သိန်း ဈေးပေါက်လျက်ရှိသော်လည်း အရောင်းအ၀ယ်မရှိကြောင်း သိရှိရသည်။

မန္တလေးရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ပြောင်းရွှေ့မည်
  • သမိုင်းဝင် ပယ်ပုံတော်ကျောက်စာရှိရာ နေရာအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ပယ်ပုံတော်ကျောက်စာဝင်းရှေ့၌ ကြေညာထားသည်၊
  • ယခုလောလောဆယ် မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် (မြောက်ပိုင်းရုံး)သည် ၂၈ လမ်း (၇၀ x ၇၁ လမ်းကြား) တွင် ရုံးခန်းဖွင့်လှစ်ထားသည်၊
  • ပယ်ပုံတော်ဝင်းသည် မဟာမုနိဘုရားကြီး အရှေ့တောင်ဘက်ရှိ မဟာအောင်မြေမြို့နယ်၊ သီတာအေးကွက်သစ်တွင် တည်ရှိသည်။

Day Club များ အသွင်ပြောင်းဖွင့်လှစ်
  • နေ့ကလပ်များ ဖွင့်လှစ်ခွင့် တရားဝင်ပိတ်ပင်ထားပြီးနောက် အသွင်တစ်မျိုးပြောင်း၍ နေရာအတည်တကျမဟုတ်ဘဲ နေရာပြောင်းလဲ ဖွင့်လှစ်လျက်ရှိ၊
  • Day Club များကို ဟိုတယ်ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ကလပ်များနှင့် နာမည်ကြီး Night Club များကို တစ်ရက်စာနေ့ဘက်တွင် ငှားရမ်းဖွင့်လှစ်ခြင်းဖြစ်၊ နေရာအတည်တကျမထားဘဲ အပတ်စဉ် နေရာပြောင်း၍ ဖွင့်လှစ်ခြင်းဖြစ်၊
  • ထိုသို့ဖွင့်လှစ်ရာတွင် လူငယ်များ အွန်လိုင်းမှတစ်ဆင့် အီးမေးလ်ပေးပို့၍ ကြော်ငြာခြင်း၊ ကျောင်းများတွင် လက်ကမ်းလွှာကြော်ငြာများ ဝေငှခြင်းဖြင့် ကြော်ငြာလေ့ရှိ၊
  • အဆိုပါကလပ်များကို အပတ်စဉ် တနင်္ဂနွေနေ့တွင် နံနက် ၁၁ နာရီမှ ညနေ ၄း၃၀ အထိ ဖွင့်လှစ်လေ့ရှိ၊
  • ၀င်ကြေး ၄၀၀၀ ကျပ်ပေးရ၊ လူငယ် ၂၀၀ ဦးမှ ၃၀၀ ဦးအကြား လာရောက်လေ့ရှိ၊
  • အဓိကအားဖြင့် လူငယ်များ ကခုန်ကြပြီး ဖွင့်လှစ်သူက ပြိုင်ပွဲငယ်လေးများ ပြုလုပ်ပေး၍ ဆုချီးမြှင့်လေ့ရှိ။

လန်ဒန်အိုလံပစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာယှဉ်ပြိုင်ခွင့်ရ
  • မြန်မာနိုင်ငံအပါအ၀င် အာရှမှ ဘောလုံးအသင်းပေါင်း ၃၄ သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်
  • အုပ်စုပတ်လည် ခြေစစ်ပွဲစဉ်များကို ၂၀၁၁ ခုနှစ်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်၏ Website တွင် ဖော်ပြထား၊
  • ၂၀၁၂ လန်ဒန်အိုလံပစ်ဘောလုံးပြိုင်ပွဲသို့ မြန်မာဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ရန် မစီစဉ်ရသေးကြောင်း၊ အာရှဘောလုံးအဖွဲ့ချုပ်မှ တရားဝင် စာပေးပို့ထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊
  • မြန်မာဘောလုံးအသင်းသည် ၁၉၇၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် အိုလံပစ်အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆိုဗီယက်၊ မက္ကစီကို၊ ဆူဒန်တို့နှင့် တစ်အုပ်စုတည်းကျကာ ဆူဒန်တစ်သင်းတည်းကိုသာ နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ခဲ့ပြီး အုပ်စုမှ ထွက်ခဲ့ရသည်။

ကိုးကား - VOICE, Vol.6, No.36

No comments:

Post a Comment

 
Web Statistics