Thursday, September 30, 2010

ဘာညာဘာညာ အင်တာဗျူးများ (ခန့်စည်သူ၊ အေသင်ချိုဆွေ)


kst.jpg
အခုအချိန်ထိ လူပျိုကြီး လုပ်နေရတာက....
(ရယ်လျက်)... အင်း လူပျိုကြီးဖြစ်ချင်လို့ လူပျိုကြီးလုပ်နေရတာပါ။ ဖူးစာမပါသေးလို့ နေမှာပေါ့။ ဘယ်လိုပုံစံမျိုးဆိုတာလည်း အစ်ကို့မှာ မရှိဘူး၊ ဘာကြီးဖြစ်မှ ညာကြီးဖြစ်မှ ဆိုတာမျိုး လုံးဝမရှိဘူး။

အဆိုတော် ကောင်မလေးတစ်ယောက်နဲ့ ဆိုတာက...။
ပြောလို့မရဘူး၊ မနက်ဖြန်တောင် အိမ်ထောင်ကျရင်ကျမှာ၊ ပြောလို့မရဘူး၊ လောကကြီးမှာ အားလုံး သေချာပါတယ်ဆိုတဲ့ အလုပ်ရှိရင်ပြော၊ ဘယ်အလုပ်မှ မသေချာဘူး၊ ဘယ်အရာကိုမှ ကြိုမပြောနိုင်ဘူး။


* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *

athen.jpg
အချစ်ရေးကို ပြောပါဆိုရင်...
အချစ်ရေးကို ပြောရမယ်ဆိုရင်တော့ အခုအရွယ်က စိတ်လှုပ်ရှားတဲ့ အရွယ်ပါ၊ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ရယ်ချင်နေတော့ ဒီအရွယ်မှာ ရည်းစားရှိတယ်ဆိုတာ မဆန်းပါဘူး၊ ဒါပေမယ့် ဘ၀အတွက် ခိုင်ခိုင်မာမာ ရွေးချယ်ရမယ့်သူတော့ အေသင့်မှာ မရှိသေးဘူး။ ဒီအတိုင်းပဲ အပျော်ပေါ့နော်။ အေသင်လည်း အဲဒီကိစ္စကြီးအတွက်ကို အချိန်လည်း မပေးနိုင်ဘူး။ တစ်နာရီ နှစ်နာရီ မပေးနိုင်တဲ့အတွက်ကို ရှိတော့ရှိတယ် စိတ်ထဲမှာလည်း မပါဘူး၊ ဒါကို အပျင်းပြေလောက်ပါပဲ။

အကယ်ဒမီ မင်းသားနဲ့ ဆိုတာက....
ဘယ်လိုပြောရမလဲဆိုတော့၊ ပြောရမယ်ဆိုရင် ဟုတ်ချင်လည်း ဟုတ်မှာပေါ့နော်၊ ဒါပေမယ့် အေသင်ကတော့ ၀န်မခံပါဘူး၊ အပြင်မှာလည်း ရှိရင်ရှိနိုင်တာပါပဲ၊ ဒါ အထင်လွဲမှုတစ်ခုပါ။ သူနဲ့က ဆရာတပည့်လို ခင်နေကြတာပါ၊ အဲဒီလိုတော့ မဟုတ်ခဲ့ပါဘူး။

အသက်ကြီးတဲ့သူနဲ့ ငယ်တဲ့သူကို ရွေးပါဆို....။
အသက်ကြီးတဲ့လူကို ကြိုက်တယ်၊ ဘယ်လိုပြောမလဲ ဦးဆောင်နိုင်ပြီး လမ်းညွှန်ပေးမယ့်သူမျိုးကို သဘောကျတယ်။

2 comments:

  1. Anonymous3:45 AM

    ဘာကိုပြောချင်လို့တင်တာပါလိမ့်လို့ စဉ်းစားမိပါတယ်။
    ဘာမှလည်းယူစရာမရှိလို့ပါ...

    သူမ

    ReplyDelete
  2. ရည်းစားထားပြီး အပျော်ရှာ သတဲ့လား အေသင်ရယ်။ မင်းကိုတော့ ကြောက်ပါပြီ တော်ကြာ ငါ့ကို အပျော်ကြံသွားမှ ငါ့ဘ၀လေး ပျက်ရချည်ရဲ့

    ဂြီ

    ReplyDelete

 
Web Statistics