Friday, October 01, 2010

ဓမ္မပဒဂါထာ (၈၃)


သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊
န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ၀ါ ဒုခေန၊
န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

အမြဲတည်ငြိမ်မှ သူတော်ကောင်း
ပညာရှိသူတော်ကောင်းတွေဟာ
ခန္ဓာငါးပါး စတဲ့
သဘောတရားအားလုံးနဲ့ ပတ်သက်ပြီး
တွယ်တာတပ်မက်မှုကို
တကယ့်ကို စွန့်လွှတ်နိုင်ကြပါတယ်။
ပညာရှိသူတော်ကောင်းတွေဟာ
ကာမဂုဏ်ရလိုစိတ်နဲ့
မပြောသင့်တဲ့စကားတွေ
လုံးဝ မပြောဆိုကြပါဘူး။
ပညာရှိသူတော်ကောင်းတွေဟာ
ချမ်းသာနဲ့ပဲတွေ့တွေ့
ဆင်းရဲနဲ့ပဲ ကြုံကြုံ
ဝမ်းသာတဲ့ အမူအရာ
ဝမ်းနည်းတဲ့ အမူအရာ
လုံးဝ မပြကြပါဘူး။

No comments:

Post a Comment

 
Web Statistics