Tuesday, October 12, 2010

ဓမ္မပဒဂါထာ (၁၀၃)


ယော သဟဿံ၊ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

အတွင်းစစ်အောင်မှ အောင်နိုင်သူအစစ်
တစ်ယောက်သောသူက
စစ်မြေပြင်မှာ
ဆန့်ကျင်ဘက်ရန်သူ
လူပေါင်းတစ်သန်းကို
အောင်နိုင်တယ်။
တစ်ယောက်သောသူကတော့
တရားဘာဝနာပွားပြီး
ကိလေသာရန်သူတွေကို
သတ်ဖြတ်သောအားဖြင့်
ကိုယ့်တစ်ယောက်တည်းကို
အောင်နိုင်တယ်။
တကယ်တော့
အဲဒီနှစ်ယောက်ထဲမှာ
ကိုယ့်တစ်ယောက်တည်းကို
အောင်နိုင်သူက
သာလွန်မြင့်မြတ်ပါတယ်။

(အနှစ်ချုပ်)

အပြင်လူတစ်သန်းကို
အောင်နိုင်ခြင်းထက်
အတွင်းစိတ်တစ်ခုကို
အောင်နိုင်ခြင်းက
ပိုပြီး မြင့်မြတ်ပါတယ်။

No comments:

Post a Comment

 
Web Statistics