အရိုးစွဲနေတဲ့ အတွေ့အကြုံတစ်ရပ်ကို တင်ပြပါမယ်။ မနက်စောစော အားကစားလေ့ကျင့်ခန်း လုံးဝ မလုပ်ကြပါနဲ့။ မနက်စောစော ကျန်းမာရေးလေ့ကျင့်ခန်း လုပ်တာနဲ့ပတ်သက်လို့ တရုတ်ပြည်မှာ သေသေချာချာ မသိသေးတဲ့ လူတွေ အများကြီးရှိသေးတယ်။ ကျွန်တော် နိုင်ငံခြားက ပြန်ရောက်လို့ ကြည့်လိုက်တဲ့အခါ မနက်စောစော ၅ နာရီ ၆ နာရီမှာ အဘိုးကြီးတွေ အဘွားကြီးတွေ ဓားရှည်ကို စလွယ်သိုင်းပြီး ထွက်လာကြပြီ။ ညဦးပိုင်းကျတော့ တရုတ်အဘိုးကြီး အဘွားကြီးတွေကို မတွေ့ရတော့ဘူး။ အိမ်မှာပဲ တီဗီကြည့်နေကြတယ်။ တိုင်းပြည်နှစ်ခုမှာ ကွာခြားမှုက အဲဒါလောက် ကြီးမားနေတယ်။ ဘာကြောင့်လဲ။ သူတို့ မသိကြလို့။ သူတို့ကို အပြစ်မတင်နဲ့။ သူတို့ကို ပြောပြမယ့်လူ မရှိလို့။ မနက်စောစော ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ သိပ်ကို အန္တရာယ်ကြီးတယ်။ မနက်အိပ်ရာထမှာ လူရဲ့ ဇီဝနာရီဇယားအရ ကိုယ်ပူချိန်မြင့်မားတယ်။ သွေးတိုးနှုန်း မြင့်မားတယ်။ ကျောက်ကပ်စီးဂလင်းက စီးထွက်တဲ့ ဟော်မုန်း (adrenalin)က ညနေပိုင်းထက် လေးဆ ပိုများတယ်။ ဒါကြောင့် အကယ်၍ မနက်ပိုင်းမှာ လှုပ်ရှားမှု ပြင်းထန်သွားရင် အလွယ်တကူ ပြဿနာဖြစ်နိုင်တယ်။ အလွယ်တကူ နှလုံးအခုန် ရပ်သွားနိုင်တယ်။ ၉၈ ခုနှစ်ကစပြီး မာရသွန်အပြေးပြိုင်ပွဲ ပြုလုပ်တယ်။ ပေကျင်းခရိုင်မှာ လေ့လာသိရှိနို်င်သလောက် စုံစမ်းကြည့်တော့ အဘိုးကြီးလေးယောက် သေသွားပြီ။ ဒီအတိုင်း ဆက်ပြေးဦးမယ်ဆိုရင် ပိုဆိုးမှာပေါ့။
တချို့ပါတီကော်မတီတွေက အဘိုးကြီးအဘွားကြီးတွေကို အဖွဲ့ဖွဲ့ပြီး တောင်တက်လေ့ကျင့်ခန်း လုပ်စေတယ်။ မနက်အစောကြီး တက်ခိုင်းတယ်။ ပြီးတော့ ပြောသေးတယ်။ "မြန်မြန်တက်နိုင်တဲ့လူ အသက်ရှည်မယ်" တဲ့။ ဒါ ဘယ်သူ့အစီအစဉ်နဲ့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော် ခုထိ နားမလည်ဘူး။ ကျွန်တော် ပြောပါ့မယ်။ ဒါဟာ ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ဘူး။ ဒီလို လှုပ်ရှားမှုမျိုး လုံးဝမလုပ်ပါနဲ့၊ ဆေးပညာအရ ဒီလိုလုပ်တာမျိုးကို ခွင့်မပြုပါဘူး။ လုံးဝ ရှောင်ရှားရပါမယ်။ မနက်ပိုင်းမှာ လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ၊ ထိုက်ကျီချွမ်ကစားတာတွေကို ကျွန်တော်တို့ မကန့်ကွက်ပါဘူး။ ဒါတွေ အပြစ်ဆိုစရာ မရှိပါဘူး။ ဒါပေမယ့် အသက် ၆၅ နှစ်ကျော်တဲ့ လူကြီးပိုင်းတွေ မနက်အစောကြီးမှာ ပြင်းထန်တဲ့ အားကစား၊ တာဝေးပြေး၊ တောင်တက်ဆိုတဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်တာဟာ အကျိုးတစ်ရွေးသားမှ မရဘဲ ဆိုးကျိုးက တစ်ပိဿာမက ရှိလိမ့်မယ်။ တာဝေးမပြေးလို့ မသေနိုင်ဘူး။ တောင်မတက်လို့ မသေနိုင်ဘူး။ တာဝေးပြေး တောင်တက်မှပဲ သေတာဟာ မသိမှုကြောင့် သေရတာ၊ ကိုယ့်ဒုက္ခကိုယ်ရှာတာ။ ညနေစောင်းမှာ အားကစားလေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးပါရစေ။ အစာစားပြီးရင်တော့ ၄၅ မိနစ် ခြားပြီးမှ လုပ်ပါ။ လူကြီးတွေအတွက် ကျန်းမာရေးလေ့ကျင့်ခန်းကတော့ "လမ်းလျှောက်" ရုံနဲ့ ရပါပြီ။ မိနစ် ၂၀ ဆို ရပါပြီ။ "၀" တာကို ပိန်ချင်ရင်တော့ အားကစား မလုပ်ပါနဲ့။ ထမင်းမစားခင် နာရီဝက်၊ တစ်နာရီစောပြီး စိမ်းပြာရေညှိ ဆေးပြား ၂ ပြားကနေ ၄ ပြားအထိ ကြိုတင်သောက်ပါ။ ထမင်းအစား နည်းသွားပါလိမ့်မယ်။ ဒါပေမယ့် အာဟာရဓာတ် လျော့မသွားပါဘူး။
မနက်အိပ်ရာထချိန်ကို ညီလာခံက ၆ နာရီ သတ်မှတ်ပါတယ်။ အားလုံး သိထားကြရအောင်လို့ပါ။ ပြတင်းပေါက်ကို မနက် ၉ နာရီနဲ့ ၁၁ နာရီကြားမှာ ဖွင့်ပါ။ ညနေ ၂ နာရီနဲ့ ၄ နာရီကြားမှာ ဖွင့်ပါ။ ဘာကြောင့်လဲ။ မနက် ၉ နာရီကျော်မှ ညစ်ညမ်းတဲ့လေထုက အောက်ကို ကျဆင်းနစ်မြုပ်သွားတယ်။ လေထဲက ညစ်ညမ်းတဲ့အရာတွေ လျော့နည်းသွားတယ်။
အားလုံး သတိထားကြပါ။ မနက်အိပ်ရာထ ပြတင်းပေါက်ဖွင့်ပြီး အသက်၀၀ရှူတာ မလုပ်ပါနဲ့။ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်အတွင်း တစ်ပြုံကြီး ၀င်သွားနိုင်တယ်။ အဆုတ်ကင်ဆာ ဖြစ်တတ်တယ်။ နိုင်ငံတကာ ညီလာခံက သတိပေးထားတဲ့အချက် ရှိပါတယ်။ မနက် ၆ နာရီကနေ မနက် ၉ နာရီအတွင်း အချိန်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်အရှိဆုံး အချိန်ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ စောစောအိပ် စောစောထ ကျန်းမာမယ်ဆိုတာ တစ်သမတ်တည်း ပြောလို့ မရတော့ဘူး။ တစ်ညလုံး အိမ်မှာ ၀မ်းနဲ့အပြည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ ရှူထားတယ်။ အသက်ရှူလမ်းကြောင်း တစ်လျှောက်မှာ အဆိပ်အမျိုးပေါင်း ၁၀၀ ကျော် ရှိနေပြီ။ အဲဒါတောင် သစ်ပင်တွေအောက်ကို အပြေးသွားတယ်။ သစ်ပင်တွေကလည်း မနက်စောစောမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေချည်းပဲ။ မနက်စောစောမှာ အခြေခံအားဖြင့် သွေးတိုးနှုန်းမြင့်တယ်။ အခြေခံအားဖြင့် ကိုယ်ပူရှိန်မြင့်တယ်။ အဒရီနလင်းလို့ခေါ်တဲ့ ကျောက်ကပ်စီးဂလင်းကထုတ်တဲ့ ဟော်မုန်းတွေဟာ ညနေစောင်းထက် လေးဆပိုတယ်။ ဒါကြောင့် မနက်စောစော ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရင် နှလုံးရောဂါ ရှိတဲ့လူအတွက် အလွယ်တကူ ပြဿနာဖြစ်လာနိုင်တယ်။ သစ်ပင်တွေ တောအုပ်တွေဟာ နေရောင်ထွက်လာပြီးမှ နေရောင်ခြည်နဲ့ သစ်ရွက်စိမ်းတို့ ထိတွေ့ဓာတ်ပြုတုံ့ပြန်မှုရှိမှ အောက်စီဂျင်ဓာတ် ပေါ်ထွက်လာတယ်။ ဒါမှမဟုတ်ရင် သစ်ပင်တွေအောက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ချည်းပဲ ရှိနေချိန်မှာ အလွယ်တကူ အဆိပ်သင့်နိုင်တယ်။ အလွယ်တကူ ကင်ဆာရနိုင်တယ်။ ဘီစီ ၄၇၅-၂၁၁ လောက်က ပေါ်ထွက်ခဲ့တဲ့ ဟွမ်တိနေ့ကျင်း တရုတ်ဆေးကျမ်းထဲမှာလည်း ဒီလိုဆိုထားတယ်။ "နေမထွက်ခင် လေ့ကျင့်ခန်း မလုပ်နဲ့" လို့ ဖော်ပြထားတယ်။ ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက နွေရာသီမှာ စောစောအိပ်၊ စောစောထ၊ ဆောင်းတွင်းမှာ စောစောထွက်ပြီး ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်ပါနဲ့။ ညနေစောင်းမှာ လုပ်ပါ။ ဘယ်လိုလူမျိုးမဆို စောစောအိပ် စောစောထရင် ကျန်းမာတယ်လို့ မဆိုနိုင်ပါဘူး။ အသက်ကြီးတဲ့လူတွေ အိပ်ရာနိုးရင် ချက်ချင်းအတင်း မထလိုက်ပါနဲ့။ တချို့လူတွေ နိုးနိုးချင်း ဇတ်ခနဲထလိုက်တာ နှလုံးသွေးကြောပိတ်ပြီး သေဆုံးသွားကြတယ်။ ကမ္ဘာ့ညီလာခံမှာ ပြောကြတာကတော့ အသက် ၇၀ ကျော်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ရာက နိုးနိုးချင်း ဖြေးဖြေးထပါ။ [ထိုအကြောင်းကို မိနစ်ဝက် ၃ မျိုး၊ နာရီဝက် ၃ မျိုး ဟူ၍ ပို့စ်တစ်ခုအနေဖြင့် တင်ပေးပြီးဖြစ်ပါသည်။ ကိုဉာဏ်] လက်မောင်းတွေကို လှုပ်ရှား၊ ပေါင်တွေကိုလှုပ်ရှား၊ နှလုံးရှိတဲ့နေရာကို နည်းနည်းနှိပ်ပေး။ နောက် တစ်မိနစ် နှစ်မိနစ်လောက် ထိုင်ပြီးမှ လိုရာထသွားပါ။ အဲဒီလိုဆိုရင် ဘာနှလုံးပြဿနာမှ မဖြစ်တော့ပါဘူး။
Monday, October 11, 2010
အောက်စီဂျင်ဓာတ်ရတဲ့ အားကစား (ကျန်းမာရေးအသိအမြင်)
Posted by Ko Nyan Posted Time 1:32 PM
Labels ကျန်းမာရေး-Health
Subscribe to:
Post Comments (Atom)
No comments:
Post a Comment