အမျိုးလေးပါး၊ သူတို့အားကို၊ စီးပွားယုတ်မြတ်၊ အတတ်ပညာ၊ အဖြာဖြာလျှင်၊ လူတို့ခွင်၌၊ သိမြင်ခဲမှု၊ လေးလေးခုတွင်၊ နှစ်စုခွဲဝေ၊ ဒွေးရှစ်ထွေကို၊ သိနေမှန်စွာ၊ ကြောင်းခြင်းရာမူ၊ ပမာဆိုရိုး၊ မိုးနှင့်သရက်၊ အိုးနှင့်ကြွက်သို့၊ သိခက်ခဲစွာ၊ ပညာတိမ်ညင်၊ ကြံဆင်ခြင်၍၊ ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့လော့၊ နွဲ့လျှင်ကားသပ်၊ ခိုင်လျှင်ထပ်လော့၊ ကျပ်လျှင်သပ်ပင်း၊ ချောင်လျှင်ထွင်းလော့၊ နှိုင်းခြင်ဆိုရေး၊ သိရေးခဲငြို၊ မြက်ကိုခွေးယူ၊ ဆိတ်မူအမဲ၊ လဲခြင်းအနေ၊ အဆွေခင်ပွန်း၊ အကြံဆန်းသည်၊ နုကျန်းမြော်ပါ၊ လူတကာတို့၊ အကာအနှစ်၊ အသစ်စိမ်းစို၊ ကျောက်ကိုကျောက်မျိုး၊ အဖိုးသိခဲ၊ ဤဖြစ်မြဲတည့်၊ ၀မ်းထဲမှတ်ပိုက်၊ သတိတိုက်တွင်၊ ထားစေချင်စွ၊ သံလျှင်သံကို၊ ဖျက်သောဆို၏၊ လှေကိုလှေပင်၊ ဆယ်ယူငင်သို့၊ ပုံပြင်ခြင်းရာ၊ မေတ္တာစာကို၊ ကြောင်းချာယူဆ တတ်စေသောဝ်။
Monday, October 11, 2010
အ၀မင်းခေါင်ထံဆက် မေတ္တာစာ - ရှင်မဟာရဋ္ဌသာရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment