အမေး။
ဦးမင်းလွင်သည် မတင်လှနှင့် အိမ်ထောင်မပြုမီ အသက်အာမခံပေါ်လစီကို ပြည်ထောင်စု အာမခံစနစ်အဖွဲ့မှ ထုတ်ယူခဲ့သည်။ ပေါ်လစီမှ ရသင့်ငွေများကို မိခင်ဒေါ်ဂေါက်၊ အစ်မ နှင့် တူတော်သူတို့အားပေးရန် စည်းကမ်းနှင့်အညီ လွှဲခဲ့သည်။
ဦးမင်းလွင် သေဆုံးသောအခါ ဇနီး မတင်လှ နှင့် မိခင် ဒေါ်ဂေါက်၊ အစ်မနှင့် တူတို့ တစ်ဖက်စီ သူရသင့်၊ ငါရသင့် အမှုဖြစ်ပွားသော် မည်သည့်ဖက်က ရမည်နည်း။
အဖြေ။
ပြည်ထောင်စု အာမခံစနစ်အဖွဲ့ အက်ဥပဒေသည် အထူးဥပဒေဖြစ်၍ အထူးဥပဒေစည်းကမ်းများသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးခြင်းကြောင့် အသက်အာမခံပေါ်လစီ အကျိုးခံစားခွင့်ကို ယင်းဥပဒေအရ သတ်မှတ်ထားသည့် မိခင် ဒေါ်ဂေါက်၊ အစ်မ နှင့် တူ တို့က အနိုင်ရသည်။
အမေး။
အကြွေးဆပ်စေရန်အလို့ငှာ အတင်းအကြပ် ပြုလုပ်ရန် အကြံဖြင့် မြီရှင်သည် မြီစား၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ၎င်း၏ လက်ရှိမှ ယူလျှင် အပြစ်ဖြစ်သလား။
အဖြေ။
အကြွေးဆပ်စေရန် အလို့ငှာ အတင်းအကြပ် ပြုလုပ်ရန်အကြံဖြင့် မြီရှင်သည် မြီစား၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ၎င်း၏ လက်ရှိမှ ယူလျှင် ခိုးမှုကျူးလွန်သည်။
အမေး။
ဥပဒေနှင့်အညီ မဟုတ်ဘဲ အိမ်ရှင်က အိမ်ငှားကို ဥပစာမှ ဖယ်ရှားလိုသော် နစ်နာကြေးပေးရန် တာဝန်ရှိသလား။
အဖြေ။
ဥပဒေနှင့်အညီ မဟုတ်ဘဲ အိမ်ရှင်က အိမ်ငှားကို ဥပစာမှ ဖယ်ရှားလျှင် နစ်နာကြေးပေးရန် တာဝန်ရှိသည်။
အမေး။
နိုင်ငံခြားသားတစ်ဦးအား မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ မေတ္တာဖြင့် အပိုင်ပေးခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း ပြုနိုင်သလား။
အဖြေ။
မပြုနိုင်ပေ။ ပြုလုပ်ပါက တရားမ၀င် ပျက်ပြယ်သည်။
[အဗ္ဗဒူလတစ် နှင့် ကိုအောင်၊ ၁၉၅၉၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁]
[ရမ်ဂျနမ် နှင့် ဦးအောင်မြင့်၊ ၁၉၇၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၈၄]
* * * * * * * * * *
[ရမ်ဂျနမ် နှင့် ဦးအောင်မြင့်၊ ၁၉၇၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၈၄]
* * * * * * * * * *
အမေး။
မဖြူအား ပစ္စည်းကို လွှဲပြောင်းပေးရာ၌ မဖြူ သီလရှင်ဝတ်လျှင် ထိုသို့လွှဲပြောင်းမှု ပျက်ပြယ်ရမည်ဟု စည်းကမ်းချက် ပါရှိသည်။ အကယ်၍ မဖြူသည် သီလရှင်ဝတ်ပါက မဖြူသည် ပစ္စည်းအပေါ် အကျိုးသက်ဆိုင်မှု ဆုံးရှုံးနိုင်သလား။
အဖြေ။
အကျိုးသက်ဆိုင်မှု ဆုံးရှုံးသည်။
အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သေသူတွင် တူ၊ တူမ နှင့် ဦးကြီး၊ ဦးလေးတို့သာ ကျန်ရစ်လျှင် အမွေ မည်သူတို့ရမည်နည်း။
အဖြေ။
တူ၊ တူမများသည် ဦးကြီး၊ ဦးလေး အစရှိသူတို့ကို အမွေက ဖယ်ထုတ်နိုင်သည်။
အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ လင်ပါ မယားပါ သားသမီးများသည် သေသူ၏ ညီအစ်ကို မောင်နှမ၊ အစ်မ၊ ညီမ စသည့် ဆွေမျိုးများကို အမွေမှ ဖယ်ထုတ်နိုင်သလား။
အဖြေ။
အမွေမှ ဖယ်ထုတ်နိုင်သည်။
အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးပြီးနောက် ကျန်ရစ်သူ မိဘထံက အမွေတောင်းခံလိုသော် အချိန်ကာလ မည်မျှအတွင်း တောင်းခံရမလဲ။
အဖြေ။
သေဆုံးချိန်က (၁၂)နှစ်အတွင်း တောင်းခံရမှာ ဖြစ်သည်။
No comments:
Post a Comment