Sunday, February 27, 2011

လွှတ်တော်မတက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ခွင့်တိုင်ကြားစာ


သို့
တိုင်းပြည်ပြုလွှတ်တော် သဘာပတိ

အစီရင်ခံပါသည် ခင်ဗျား။ ကျွန်တော်မှာ နေမကောင်းထိုင်မသာ ဖြစ်နေပါ၍ ယနေ့ လွှတ်တော်သို့ မတက်ရောက်နိုင်သည်ကို ခွင့်လွှတ်ပါမည့်အကြောင်း၊ ယနေ့ တင်မြှောက်ခြင်းခံရသော အမြဲတမ်းဥက္ကဋ္ဌ အားလည်း ကျွန်တော်၏ ချီးကျူးစာကို ကမ်းလှမ်းလိုက်စေလိုပါသည်ခင်ဗျား။

အောင်ဆန်း
တိုင်းပြည်ပြုလွှတ်တော်အမတ်
aungsanmyanmarthway.jpg

ပထမအကြိမ်မြောက် တိုင်းပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာတွင် ဇွန်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေမကောင်းသဖြင့် ခွင့်တစ်ရက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

2 comments:

  1. အော်.. ဗိုလ်ချုပ်ရဲ့ ယဉ်ကျေး ရိုးသား ပွင့်လင်းမှုကို လိုက်မမှီနိုင်တော့ဘူး ထင်ပါရဲ့။

    ReplyDelete
  2. လေးစား တယ် ဆိုတာထက်ပိုတာ ပါ။ ဒေါ်စုကြည့်တော့ မပါဘူး

    ReplyDelete

 
Web Statistics