Monday, March 26, 2012

ဒွေးချိုးများ (၁)


မုံရွာက ရုပ်သေး
ပတ်ဗေရယ်ထုံ
မုံရွာက ရုပ်သေး။
သင့်လျော်အောင် ငွေမပေးလို့၊
ပြန်တော့မယ်လေး။

ငွေလုပ်လို့စား
ခွေးတောက်က ချဉ်ချဉ်
ခါချဉ်က ခါးခါး။
အဘိုးအို ယာမခုတ်နှင့်
ငွေလုပ်လို့ စား။

ခြင်္သေ့
ဟေ၀န္တာ
နေပါတဲ့ခြင်္သေ့။
တစ်ဂူမှာ နှစ်ကောင်ပေါင်းမယ်၊
အောက်(အောင်း)မျှ မမေ့။

လွမ်းပါဘိ
ဒီဇမ္ဗူ သီတဂူပေါ်ထွန်းလို့
သြော်-လွမ်းပါဘိ။
တစ်နယ်နေ တစ်ပြည်ကျေးဆီက
ဝေးလို့ မသိ။

အုံ့ပုန်းပူ
မချမ်းသာ ပန်းမာလာနေသွေ့သို့
ကြေမြည့်ခြောက်ခန်း။
ကျုံ့ချုံးကာ ဆူ၊ အုံ့ပုန်းပူ လူ မသိတယ်၊
မီးညိမခန်း။

ဆွေးသူ့ကသိုဏ်း
ရုံးမလွယ်
ထုံးငယ်တည့် ပိုင်း။
မယုံပုံ ယုံပုံနှင့် ကမ္ဘာကုန် ညို မခုပါနှင့်၊
ဆွေးသူ့ကသိုဏ်း။

မယ်ဖွဲ့
ထုံးမတိမ်၊ ငုံး, အိမ်,ကျူ,လ နှင့်၊
တူမျှစံနှိုင်း။
နတ်တညီ၊ ကမ္ဘာ့ ဌီတင်ထိုက်ပေ့၊
ယဉ်သိုက်ဝင်ညာမေနှင့်၊
ငါးဆင့်သမိုင်း။

No comments:

Post a Comment

 
Web Statistics