Wednesday, March 28, 2012

ဒွေးချိုးများ (၂)


မယ်ဖွဲ့
ကြော့ကြော့ငယ်ယဉ်၊ ဖော့ပင် ငွေအုသို့၊
ကြွေလုဟန် မူရာနှင့်၊
သူဇာတရှိ။
ဣနြေ္ဒ ချိန်ကုဋေတန်လောက်ပေ့၊
စံကျောက်ကယ် ၀ဇီစိန်သို့၊
ပလီချိန် ရွယ်တော်သင့်မှာ၊
ဘုန်းပွင့်ပါဘိ။

ဖိုးရွှေလမင်း
ဗွေအာကာ ငွေတာရာကြယ်စုံသင့်ပေတဲ့၊
ယုန်မင်းသနင်း။
ဟိုဘက်ကျွန်းမှာဖြင့်၊ မထွန်း မသာလှပါနှင့်၊
ဖိုး ရွှေလမင်း။

နှင်းဆီနံ့ပြေး
ညနေချမ်း ဘယ်ပန်း ပန်လေသိ၊
မောင့်ထံမှာ မွှေး။
ခင်လေးမေ ကေသီဖြန့်ရော့ထင်၊
နှင်းဆီနံ့ ပြေး။

တံတို
ရှူသာရှူ မဖွာလိုက်နှင့်၊ ထွာမိုက်ကယ် တံတို၊
“ဂံ” ဆိုတဲ့ဆေး။
နန်းအိမ်ရှေ့ကျွန်၊ လွန်စေနှင့် တန်ရုံသုံးကွယ်၊
ခုံး မျက်ကလေး။

ဆေးတံတို
ဆေးတံတို တစ်ညိုလောက်၊
ရော့ သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊
သောက်စေချင်၊ ခုတင်မှာ ထောင်ခဲ့ကွယ်၊
ညိုနွဲ့ငယ်လေး။

မဟာမြိုင်
မဟာမြိုင်မှာလေ ညာပိုင်သူနော်မလို့၊
မျှော်တ ယောင်မှား။
မာဂဓာ၊ ကဗျာသံချိုပျိုးလို့၊
ငှက်မျိုး ကေလာတောင်က၊
လွမ်းအောင်တဲ့လား။

No comments:

Post a Comment

 
Web Statistics