Friday, March 30, 2012

ဒွေးချိုးများ (၃)


မဟာမြိုင်
မြူခိုးရယ်မှောင်၊ ငူရိုးတောင် ချောင်အလှည့်မှာလ၊
ထိုင်ခဲ့တယ် ဇလာအိုင်နှင့်၊ မဟာမြိုင်တန်း။
ရင်ခတ်ကယ်ဝေ၊ ဆင်တတ်သူ ပန်ယူခြွေလို့၊
ဖန်ဂူဗွေ မြေတလင်းမှာလ၊ ခြေဆင်းကာ မယ်မှိုင်စောပါတဲ့၊
နေခင်းသာ ဂနိုင်တောမှာလ၊
ငွေနှင်းညှာ ထိုင်ကာမောတော့တယ်၊
ဇော မပြတ်ပန်းတည့်မှ၊ တောမသတ် မှန်းနိုင်ဘူး၊
လောကဓာတ် ဆန်း။

မျက်နှာတော်
စက်မပျော်၊ မျက်နှာတော် ၀ါဝါ၀င်းကိုလ၊
မှိုင်ရင်း မြင်သာမြင်တော့၊
နေ မရွှင်ဘူး။
လှကေခိုင်၊ မယ့်စိတ် ဗျာပါလှိုင်၍
သည်းဆိုင်မှာ တုန်သာတုန်တော့၊ လစက်ခုံ ယုန်တံဆိပ်ကယ်နှင့်၊
ကျမျက်ရည် ယိုလို့ဖိတ်တယ်ရှင်၊
လွမ်း စိတ်နှင့်ရူး။

ဝါချက်
လမ်းမကြုံ၊ ပန်းတစ်ငုံ စံပယ်ဥကိုလ၊
မရှုချင်ဘူး။
မှာရက်ကယ်လွန်၊ ၀ါချက်ကို သည်မယ်ရွံလို့
စံသလွန် ကြာညောင်ရိပ်မှာ၊
လွမ်းစိတ်နှင့် ကူး။

သစ္စာဦး
ကမ္ဘာဋ္ဌီ၊ ငါးလီအင်ချစ်တဲ့၊
ရွှေ သစ္စာဦး။
ဆက်တိုင်းငယ်တည်၊ တဘုန်းဆွေ မေခြည်ကြောင့်၊
သေပေစေ လည်တညွန့်ကို၊
စိုး ရွံ့ပါဘူး။

စနည်း
ဘာမထီ၊ မချီလျှင် နေညွန့်မျိုး၊
စိုးရခေါင်က။
တသာကီ၊ စာမရီ ချီထွက်လျှင်၊
ရတက်တော် ပူဗျာငွေ့၊
တွေ့ရ နောင်တ။

No comments:

Post a Comment

 
Web Statistics