Monday, March 05, 2012

ကျွန်တော် ကိုဉာဏ် ဆေးရုံဆင်းခွင့် ရပါပြီခင်ဗျား


မိတ်ဆွေအပေါင်း၏ ပို့သသော မေတ္တာများကြောင့် ခါးနာဝေဒနာ လျင်မြန်စွာ ပျောက်ကင်းသက်သာပြီး သကာလ ယနေ့နေ့လည်တွင် ကျွန်တော်ကိုဉာဏ် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းပါခင်ဗျား။ ဆရာဝန်ကြီးကတော့ ခါးထိန်းခါးပတ်ကို အမြဲတစေ ပတ်ထားဖို့ မှာပါသည်။ ပြန်ဖြစ်တတ်သည်ဟုလည်း သတိပေးရှာပါသည်။ အလေးအပင် မရာတွင် သတိထားဖို့၊ ခါးကော့လေ့ကျင့်ခန်းကို မကြာခဏ သတိရတိုင်းလုပ်ရန်၊ တစ်ထိုင်တည်း အကြာကြီး တမေ့တမော မထိုင်ရန် ဂရုတစိုက် မှာပါသည်ခင်ဗျား။ ကျေးဇူးတင်ရပါသည်။

လေဘာတီ မမြရင် ၏ နာမည်ကြီး သီချင်းလေးတစ်ပုဒ်နှင့် နှုတ်ခွန်းဆက်လိုက်ပါရစေ...
"ကိုဉာဏ် မာပါသည်၊ ကိုဉာဏ် မာပါသည်၊ အရပ်ရပ်က မေးသောအီးမေးလ် ဆက်သောဖုန်းတွေ လာကြသည်၊ အင်မတန် ကျေးဇူးတင်ပါသည်၊ အလွန်တရာ ကျေးဇူးတင်ပါသည်၊ ခါးနာတော့ ပျောက်ပါပေါ့ တုံးကျော်ပြန် ကိုဉာဏ်ပင်" ပေါ့ ခင်ဗျာ။ ပေါတောတော ဖြစ်သွားလျှင် ခွင့်လွှတ်နားလည်ကြပါဦးဟု...

မေတ္တာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မတ်လ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၁ မိနစ်။

No comments:

Post a Comment

 
Web Statistics