Thursday, July 12, 2012

သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဝင်စကား


ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲပြောပြော၊ ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ပိုင်းကနေ ခိုးဝင်လာပြီး ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို ခြိမ်းခြောက်ရုံသာမက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေကို စော်ကားခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သမ္မတကြီးက ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဒီလို ပြောလိုက်ပါပြီဗျာ။ သမိုင်းဝင်စကားမို့ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်။ မှန်ကန်ပြီး ရဲရင့်ပြတ်သားတဲ့ သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ သမ္မတကြီး ကျန်းမာချမ်းသာပါစေ။ နိုင်ငံ့အကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ။


စာကြွင်း။ သမ္မတကြီးရဲ့ ပြောစကားကို နိုင်ငံတော်သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာမှ ကိုးကားပါတယ်။ ဒါပေမယ့် ဖော်ပြထားတဲ့အတိုင်း စာဆန်ဆန် မဟုတ်ဘဲ စကားပြောဟန်ဖြစ်အောင် ကျွန်တော်က ပြန်ပြင်ပြီး ရေးသားထားပါတယ်။ အကြောင်းအရာပိုင်း၊ အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ လုံးဝ ပြောင်းလဲခြင်းမရှိပါဘူး။ မှားယွင်းချွတ်ချော်နေတာတွေများ တွေ့ခဲ့ရင် မမေ့မလျော့ ကျွန်တော့်ကို ပြောပြဝေဖန်ကြစေလိုပါတယ်။ ကျွန်တော်ပြန်ပြင်ပေးပါ့မယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၃၇ မိနစ်တွင်ပြီး၏။

2 comments:

  1. Anonymous12:41 PM

    ဒီလိုပဲ ဖြစ်ရမယ်...၊ ဒါမှ ပြည်သူများကို ကာကွယ်တဲ့ သမ္မတပီသပါတယ်။ လေးစားပါတယ် သမ္မကြီး။ ဒုက္ခသည်ဆိုလဲ ဒုက္ခသည်လိုပဲ ထားရှိရမှာ ဖြစ်ပါတယ်။ သူများ နိုင်ငံတွေမှာ ဒုက္ခဆိုတာ အကန့်အသတ်နဲ့ နေထိုင်သွားလာရပါတယ်။ ကျနော်တို့ ပြည်သူများကလဲ လုံးဝ နိုင်ငံသားအဖြစ် လက်မခံနိုင်ပါဘူး။ လူမျိုးရော ဘာသာသာသနာရော တည်ငြိမ်မှုများကိုပါ အန္တရယ်ပေးမယ့်လူများကို လက်ခံလို့ မဖြစ်ပါဘူး။ လောလောဆယ် ကျနော်တို့ ရခိုင်တိုင်းရင်းများကို စော်ကားနေပါပြီ။ နောက်ဆို ပိုဆိုးလာပါမယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီစတဲ့ နိုင်ငံတွေ ဘာကြောင့် မွတ်ဆလင်နိုင်ငံဖြစ်သွားရတယ် ဆိုတာကို လဲ လေ့လာသင့်ပါတယ်။ သမ္မတကို လုံးဝ ကျေးဇူးတင်စွာနဲ့ လေးစားပါတယ်။ ဒီလို ပြောဆိုချက်ဟာ တိုင်းပြည်နဲ့ လူမျိုးကို စောင့်ရှောက်တာ ချစ်တာပါပဲ။ ကျန်တဲ့ သမ္မတတွေ ဝန်ကြီးတွေ လဝက နစကတွေ အားလုံး အားလုံးလဲ တိုင်းပြည်နဲ့ လူမျိုးကို စောင့်ရှောက်ရင်း ချစ်တတ်ကြပါစေ။ အရိုင်းစိတ်များ ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေ ဖျောက်ပစ်ဖို့ အချိန်တန်ပါပြီ...။

    ReplyDelete
  2. Anonymous9:49 AM

    ဒီစကားလေး တွေနဲ ချစ်နေရတာ။ ချစ်ချစ်ကိုမဟုတ်ဘူး။
    သမ္မတ ကြီးကိုနော်။

    ReplyDelete

 
Web Statistics