Tuesday, July 10, 2012

To assemble peacefully without arms and holding procession


ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

နည်းဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ စုဝေးခွင့်နှင့် စီတန်းခွင့် ရရှိလိုသူသည် မိမိဆောင်ရွက်လိုသည့် ကိစ္စရပ်များအတွက် သတ်မှတ်ထားသည့် အချက်အလက်များနှင့်အတူ စုဝေးခြင်း/စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသည့် နေ့ရက်မတိုင်မီ ငါးရက် ကြိုတင်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်ဖြစ်သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်လက်တင်ပြ၍ ခွင့်ပြုချက် တောင်းခံပေးမည်ဖြစ်သည်။

နည်းဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို ထုတ်နုတ်တင်ပြရလျှင်-

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုရ။

ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းခံရသူသည် ယင်းသို့ ငြင်းပယ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဦးဆောင်သည့်ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ကို တစ်ပါတည်း ယူဆောင်သွားရမည့်အပြင် တာဝန်ရှိသူက တောင်းဆိုပါက ပြသစစ်ဆေးခံရမည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment

 
Web Statistics