ထုတ်ဝေခွင့် ပိတ်ပင်ထားခဲ့တဲ့ The VOICE Weekly ဂျာနယ်နဲ့ Envoy ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ မူတစ်ခုခုနဲ့ မကိုက်ညီလို့ ပိတ်ခဲ့တာဖြစ်ပေမယ့် ပြန်လည်ထုတ်ဝေခွင့် ပြုတဲ့အတွက်တော့ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော့်အတွက်ကတော့ The VOICE ရဲ့ ပြန်လာမှုကို စောင့်မျှော်နေမိတာပါ။
၁၉၈၈ အရေးအခင်းကာလ နှစ်ပတ်လည်နေ့ဆိုပြီး နိုင်ငံနဲ့အ၀န်းမှာ အခမ်းအနားတွေ၊ ၀ါဆိုသင်္ကန်း ကပ်လှူတာတွေ ပြုလုပ်ကြတယ်လို့ သတင်းတွေ ဖတ်ရပါတယ်။ ဓမ္မစေတီ ဆရာတော်ရဲ့ လေသံကိုယူပြီး ပြောပါရစေ။ ၀ါဆိုသင်္ကန်းကပ်တာ သာဓု၊ မဟုတ်မဟပ်တွေ ပြောဆိုပြီး အရူးထကြတာကိုတော့ နိုးသာဓု (No သာဓု) ပါဗျာ။ ဒီကြားထဲမှာ ပြောကြသေးတယ်... ဒီနေ့ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းနေတာဟာ ၈၈ အရေးအခင်းကြောင့်ပါတဲ့။ ကျွန်တော်ကိုဉာဏ် အော်ရယ်လိုက်ချင်တယ်ဗျာ။ နိုင်ငံခြားကားတွေမှာ ကြည့်ဖူးသလို အချိန်တွေကို နောက်ပြန်ခေါ်ပြီး၊ အဲဒီအရေးအခင်း မဖြစ်အောင်ဖန်တီး၊ ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ချင်သေးတယ်။ ကျွန်တော့်အယူအဆကတော့ အဲဒီအရေးအခင်းကြောင့် ကျွန်တော်တို့နိုင်ငံ အခုလို ဘယ်နိုင်ငံကိုမှ မမီတော့ဘဲ နောက်ဆုံးမှာ ကျန်နေခဲ့တာဗျ။ အခု ဟိုအခမ်းအနားလုပ်၊ ဒီအခမ်းအနားလုပ်ဆိုတဲ့ လူတွေနဲ့တော့ အဲဒီလူတွေ မသေခင်မှာ မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံး ထိုင်းနဲ့ ရင်ဘောင်တန်းတာတောင် မြင်ရမှာမဟုတ်ဘူးလို့ ကျွန်တော့်အသက်ကို ထပ်ပြီး လောင်းလိုက်ချင်သေးတယ်။ နောက်ထပ် မျက်စိစပါးမွှေးဆူးတာကတော့ အလကားနေရင်း အချိန်ပိုတိုင်း ထိုင်ရေးလို့ရတဲ့ ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာတွေမှာ ကွန်းမန့်တွေ ပွစိတက်အောင်ပေးပြီး ရန်ဖြစ်နေကြတာကိုပါပဲ။ သူ့ကိုယ်ရေးကို ဖတ်ကြည့်တော့ လူကဖြင့် နို့နံ့တောင် မစင်သေးဘူး။ ၈၈ ဆိုတာ သူတို့တွေ မြင်ဖူးတာလည်းမဟုတ်၊ ကြားဖူးနားဝနဲ့ ဟိုလူ့ကိုဝေဖန်၊ ဒီလူ့ကိုဝေဖန် လုပ်နေကြတာ မြင်ရတော့ အဲဒီအရေးအခင်းကြောင့် စာသင်နှစ်တစ်နှစ် နားခဲ့ရတဲ့ ကျွန်တော်ကိုဉာဏ်က ဘာမျှမပြောဘဲ နှုတ်ပိတ်နေလိုက်မိကြောင်းပါ။ တွေ့သမျှ စက်ရုံ၊ အလုပ်ရုံတွေကို မီးရှို့၊ မြင်သမျှ ပစ္စည်းကို လုယူ၊ မကျေနပ်တဲ့လူကို ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ခေါင်းဖြတ်သတ်၊ အော်ချင်ရာအော်၊ ဆော်ချင်ရာဆော်ခဲ့တဲ့၊ ပြည်သူတွေအားလုံး ကျီလန့်စာစား ဖြစ်ခဲ့ရတဲ့၊ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ အငတ်ငတ် အပျက်ပျက် ဖြစ်ခဲ့ရတဲ့၊ စားဝတ်နေရေးတွေ အဆင်မပြေလို့ အမျိုးကောင်းသားသမီးတွေရဲ့ ဘ၀တွေ ပျက်ခဲ့ရတဲ့၊ တက္ကသိုလ်ကျောင်းသားတွေ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ ဘ၀တွေပျက်၊ တောတွေခို၊ လက်နက်တွေကိုင်၊ လူတွေသတ်၊ အဖျက်လုပ်ငန်းတွေလုပ်၊ အခြားနိုင်ငံတွေရောက် ဖြစ်ခဲ့ရတဲ့ ကာလကြီးကို အောက်မေ့တသသ၊ သတိတရရနဲ့ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်နေကြတာ မြင်ရတော့ ကျွန်တော့်မှာ ပြောစရာစကားတွေ ဆွံ့အခဲ့ရပါတယ်။ လက်တလောဖြစ်နေတဲ့ ရခိုင်အရေးအခင်းထက် သူတို့ရဲ့ ချီးခြောက်ရေနှူးတဲ့အရေးက ပိုအရေးကြီးနေပြန်တော့ ပြောရခက်သားဗျာ။ ကျွန်တော်ကပဲ ဉာဏ်မမီတာလား၊ သူတို့ကပဲ အတော်လွန်တာလားတော့ မဝေခွဲတတ်ပေါင်ဗျာ။ ကဲ... ရှိပါစေတော့။ သူတို့ဘာသာသူတို့ သတိရလို့ လုပ်ကြတာ လုပ်ကြပါစေတော့။ အစိုးရကလည်း တရားဝင်ခွင့်ပြုထားပြီးပြီပဲ။ အဲဒီလို ခွင့်ပြုတဲ့အတွက် ဂျာနယ်တွေ၊ နိုင်ငံရေးသမားတွေက မကျေနပ်ကြဘူးတဲ့။ သူပြောငါပြော ကြားတာပြောပါတယ်။ သူတို့တွေ အပိုင်တွက်ထားတာက ဘာမဟုတ်တဲ့ အခမ်းအနားလေးတွေတောင် အစိုးရ မလုပ်ရဘူး၊ မပြုရဘူးနဲ့ ငြင်းနေခဲ့တာ၊ ဒါမျိုးအခမ်းအနားတော့ ခွင့်ပြုမှာ မဟုတ်ဘူးပေါ့။ အဲဒီအခါ ဂျာနယ်တွေအားလုံး ညီညီညာညာနဲ့ ၀ိုင်းအာကြမယ်၊ ဆန္ဒတွေ ထုတ်ဖော်ကြမယ်၊ ဒီမိုကရေစီအစိုးရ မစစ်ဘူးလို့ စွပ်စွဲကြမယ်၊ ပုတ်ခတ်ကြမယ်၊ ဟိုကျောင်းသားဆိုတဲ့ လူကြီးတွေနဲ့ပေါင်းပြီး ဟိုကမ်ပိန်း၊ ဒီကမ်ပိန်းတွေ လုပ်ကြမယ်၊ လက်မှတ်တွေ ထိုးခိုင်းမယ်၊ စုမယ်၊ တင်ပြမယ်၊ လွတ်လပ်ခွင့်မရှိတဲ့အကြောင်း စာပေစိစစ်ရေးက ခွင့်ပြုပြု၊ မပြုပြု ဂျာနယ်မှာ ဖော်ပြမယ်၊ ထည့်ရေးမယ်ဆိုပြီး အားခဲထားကြတာ အခုတော့ အစိုးရက တရားဝင် ခွင့်ပြုလိုက်တယ်ဆိုတော့ မောင်မင်းကြီးသားများ အခက်တွေ့ကုန်ကြသတဲ့။ သနားစရာပေပ။ လုပ်ကြကွ၊ ဒါမှ ဒီမိုကရေစီနိုင်ငံ ပီသမှာ။ အစိုးရကို များများတုတ်၊ ၀န်ကြီးတွေကို များများဆော်၊ ဒါမှ လွတ်လပ်ခွင့်လို့ ကြွေးကြော်လို့ရမှာ။ ကဲ.... ဒီမှာတင် ရပ်မှပဲ ထင်ပါရဲ့။ တော်ကြာနေ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို အပြင်းအထန် ကန့်ကွက်ပါကြောင်းတို့၊ ရှုံ့ချပါကြောင်းတို့ စာပေဘာကော်မတီဆိုလားပဲ၊ အဲဒီအဖွဲ့ကြီးက ကြေညာချက်တွေ ထုတ်နေပါဦးမယ်။ ကျွန်တော်ကိုဉာဏ်က ကြောက်တတ်တယ်ခင်ဗျ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လေသံလေးနဲ့ ပြောလိုက်ချင်သေးတယ်။ သားသားကြောက်ကြောက်။
မုံရွာမှာ အလုပ်ရုံဆွေးနွေးပဲလုပ်ရင်း ပွဲပျက်သွားတဲ့သတင်းကလည်း တကယ့်ဟော့ပါပဲဗျို့။ သမ၀န်ကြီးကြောင့်လို့ သတင်းမီဒီယာတွေမှာ ရေးထားတာကို ဖတ်ရပါတယ်။ ဒါပေမယ့် အဖြစ်မှန်က ဘယ်လိုဆိုတာကို အတိအကျ ကိုးကားပြီး ဖော်ပြနိုင်တာ မတွေ့ရဘူး။ ဟိုလူ့ကို မေးသလိုလို၊ ဒီလူ့ကို မေးသလိုလိုနဲ့ ရေရေရာရာ မရှိလှဘူး။ ကိုယ်တိုင်တက်ခဲ့သူတွေကလည်း ဘာမှ သေချာမပြောဘူး။ ဆရာခင်မောင်ညို (ဘောဂဗေဒ)ရဲ့ ဖေ့(စ်)ဘွတ်(ခ်)မှာတော့ ပွဲပျက်တဲ့အထိ မဖြစ်ဘူးလို့ ရေးထားတာကို ဖတ်လိုက်မိတယ်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူဖွတယ်၊ ဘယ်သူစတယ်တော့ ကျွန်တော်လည်း မပြောတတ်ကြောင်းပါ။ အဲဒီသတင်းကို ဖတ်မိလို့ သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးတော့ သူကပြောတယ်၊ ဟေ့ကောင်၊ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးရင် အသံမလှိုင်ဘူးကွတဲ့။ ကျွန်တော့်မှာ လက်တွေနာတဲ့အထိ တဖြောင်းဖြောင်းတီးပြီး သူ့ကို ဂုဏ်ပြုလိုက်မိတယ်။
ကျောက်တော်မှာ နေအိမ်တွေကို အပြန်အလှန် မီးတွေရှို့ပြန်သတဲ့။ သူကစတယ်၊ ငါကစတယ် အကုန်လုံးက ပြောနေကြတာပဲ။ ဘင်္ဂလီကုလားက ရခိုင်ကစတယ်လို့ ပြေမယ်၊ ရခိုင်ကလည်း ဘင်္ဂလီကုလားတွေကြောင့်လို့ ဆိုမယ်။ အင်း... ဒီလိုပဲ လုံးလည်လိုက်နေမှာပါပဲ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘယ်လိုများ လုပ်လို့ ရနိုင်ပါ့မလဲ။ မသင့်တော်မှန်း သိပေမယ့် တစ်ခါတစ်ခါမှာ ကျွန်တော်အရမ်းစိတ်တိုပြီး ဆုတောင်းမိတာ ရှိတယ်။ မနောကံနဲ့ ခဏခဏ ကြံစည်ပြီး ငရဲတွေလည်း အတော်ကြီးနေလောက်ပြီး ဆရာမြတ်ခိုင်စကား ခဏငှားသုံးရရင် အခုတလော ကျွန်တော်လည်း အကုသိုလ်ကောင်ကြီး ဖြစ်နေတယ်။ ဘာတွေးမိလဲဆိုတော့ အခုအချိန်များ မြန်မာဟစ်တလာ တစ်ယောက်လောက် ပေါ်လာရင် သိပ်ကောင်းမှာပဲလို့။ ကိုယ့်ဘာသာ ဆက်တွေးဗျာ။ ကျူးကျော်သူတွေကို ကျွန်တော် အတော်ကြီးကို စိတ်နာနေပြီဗျာ။ ရန်ကုန်ဘဆွေရေးသလို အိမ်သည်ကို ဧည့်သည်မစော်ကားရလို့ပဲ အော်ရမလား၊ ယာဆာအာရာဖတ်ကြီးလို ကျုပ်တို့အတွက် နိုင်ငံတစ်ခု တောင်းနေတာမဟုတ်ဘူး၊ ကိုယ့်နိုင်ငံကို ကိုယ်ပြန်လိုချင်နေတာလို့ပဲ ပေါက်ကွဲရမလား၊ ဗိုလ်ချုပ်အောင်ဆန်းလို အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ ဒါပဲလို့ပဲ တိုက်တွန်းရမလား ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ ဒီကြားထဲ ဟိုငနဲက တစ်မှောင့်၊ ကွင်တားနားဆိုလား၊ ဘာလားပေါ့။ ကျွန်တော်သာ ကိုယ်ယောင်ပျောက်တဲ့ လူဆိုရင် အဲဒီနှာကောက်ကြီးကို လေဆိပ်အ၀င်ကတည်းက ကြိမ်လုံးနဲ့ ဖင်ကိုရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ မြန်မာနိုင်ငံကိုကျတော့ ခွဲခြားမှုတွေ ရှိနေတယ်၊ မညီမျှမှုတွေ ရှိနေတယ်လို့ အပြစ်ပြောတယ်။ ဒင်းကျတော့ တွေ့ချင်တဲ့လူနဲ့တွေ့ပြီး ပြန်သွားတယ်။ ဟွန်း... မပြောလိုက်ချင်ဘူး။
သတင်းတစ်ခု ဖတ်လိုက်ရသေးတယ်။ ရယ်ရမလား၊ ပြုံးရမလား မသိလို့ စာဖတ်သူပဲ စဉ်းစားပေးကြပါတော့။ လွှတ်တော်တက်နေတဲ့ NLD က အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ ၁၉၈၈ အရေးအခင်း နှစ်ပတ်လည်မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အနက်ရောင် ထဘီတွေ ဆင်တူဝတ်လာကြပါသတဲ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အန်တီစုကြီးတော့ မပါဘူးတဲ့။ ဘာလဲဗျာ၊ ဘယ်လို နားလည်ရမှာလဲ။ ဘာကိုပြောချင်တာလဲ။ အန်တီစုကြီးက အရေးအခင်း နှစ်ပတ်လည်အတွက် ၀မ်းမနည်းဘူးလို့ ပြောချင်တာလား။ ဒါလည်း ဖြစ်နိုင်တာပဲ။ အရေးအခင်းသာ မဖြစ်ခဲ့ရင် သူလည်းဒီလိုဘ၀ ရောက်လာမှာ မဟုတ်ဘူး။ နိုဘယ်လ်ဆုလည်း ရစရာအကြောင်း တစ်စက်ကလေးမှ မရှိဘူး။ အထက်မှာ ကျွန်တော်ပြောခဲ့ပါတယ်။ နောက်ပြန်ရစ်ပြီး ဒီလမ်းကြောင်းမဟုတ်ဘဲ အခြားလမ်းတစ်ခုကို ပြောင်းကြည့်လိုက်စမ်းပါလို့။ ထားပါလေ။ နောက်တစ်ခု ထပ်စဉ်းစားမိတာက အန်တီစုကပဲ အခြားလူတွေလို လိုက်မလုပ်တာကို ပြောချင်တာလား။ ဒါမှမဟုတ် အန်တီစုက ဥက္ကဋ္ဌဖြစ်တဲ့အတွက် နင်တို့တွေဝတ်ကြ၊ ငါကတော့ ၀တ်ချင်ရာဝတ်မယ်လို့ သဘောသက်ရောက်သလား။ မသိတော့ပါဘူးဗျာ။ ခက်နေတာက မီဒီယာဆိုတဲ့ လူတွေ၊ အဲဒီလူတွေပေါ့ဗျာ။ ဒီအတိုင်းသာဆိုရင် မကြာခင်မှာပဲ ဂျာနယ်စာမျက်နှာတွေထက်မှာ အန်တီစု ဒီနေ့ ၀မ်းချုပ်နေတယ်တို့၊ အန်တီစု ဒီနေ့ လက်ဘက်သုပ်နဲ့ ထမင်းစားတယ်တို့ ဆိုတဲ့သတင်းတွေ ပါလာတော့မယ်။ ကြီးတော်စု လွှတ်တော်ထဲမှာ ဘယ်အပေါက်က၀င်ဝင် မြန်မာနိုင်ငံအတွက် ဘာအကျိုးဖြစ်သလဲဗျာ၊ ကြီးတော်စု လွှတ်တော်ကို ဘာတွေဝတ်ပြီးတက်တက် ပြည်သူတွေအတွက် ဘာအမြတ်ရသလဲဗျာ၊ ကြီးတော်စု သူ့ဟာသူ နေပြည်တော်မှာ အိမ်ငှားနေတာ ကျုပ်တို့အတွက် ဘာအဖိုးတန်သလဲဗျာ။ ကဲ.... ကိုယ့်ဘာသာကိုယ်သာ ဖြေကြည့်ကြပါတော့ မီဒီယာတို့ရေ။
အမျိုးသားလွှတ်တော်မှာ ပါလေရာအမတ် ကိုကိုမြတ်ဉာဏစိုးက အဆိုတင်သတဲ့။ အခြားနိုင်ငံကနေ စိမ့်ဝင်ရောက်ရှိလာတဲ့လူတွေ၊ မသမာတဲ့နည်းလမ်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ထားတဲ့လူတွေကို ဥပဒေစိုးမိုးရေးအတွက် အထူးစီမံချက်တစ်ရပ် ချမှတ်ပြီးဆောင်ရွက်ဖို့၊ ထုတ်ဖော်အရေးယူ ဆောင်ရွက်သွားဖို့ အစိုးရကို တိုက်တွန်းတာပေါ့။ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁၂) က လွှတ်တော်အမတ် ဦးလှဆွေက အခုလို အချိန်မျိုးမှာ ဒီအဆိုကိုတင်မယ်၊ ဆွေးနွေးမယ်၊ အတည်ပြုမယ်၊ ဆောင်ရွက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ကန့်ကွက်တယ်။ အဲဒီတော့ လွှတ်တော်မှာ အဆိုအတွက် မဲခွဲရတယ်။ အဆိုကို ထောက်ခံတဲ့လူက လူ ၄၀ တောင်မပြည့်ဘူး။ အဲဒီအတွက် ဆရာမြတ်ဉာဏစိုးရဲ့အဆို ပျက်ပြယ်သွားတယ်။ သူ့ခမြာ ခါတော်မီလေး လုပ်စားမလို့ အဆိုတင်ပါတယ်ဆိုမှပဲ ဦးလှဆွေတို့ကလည်း ခက်တယ်ဗျာ။ မီဒီယာတွေက ဘယ်နှယ့်ရေးထားတယ် မှတ်သလဲဗျ။ NLD ပါတီမှ ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းသော အဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ဦးလှဆွေက ကန့်ကွက်ခဲ့တယ်တဲ့။ ကဲ... ဘယ်လောက်များ စတုတ္ထမဏ္ဍိုင် ပီသလိုက်သလဲ။ ရေးပုံလေးက မသင်းဘူးလားခင်ဗျ။ ဒီလူတွေ၊ ဒီမူတွေနဲ့တော့ စာပေစိစစ်ရေးတင် မဟုတ်ဘူး၊ စာပေရေးသားရေးတို့၊ စာပေယဉ်ကျေးရေးတို့၊ စာပေမျှတရေးတို့ စတဲ့စတဲ့ အဖွဲ့တွေ ထပ်ဖွဲ့ရဦးမယ် ထင်တယ်ဗျာ။ ကိုယ့်ဘာသာကိုယ်လည်း ပြင်ကြပါဦး စတုတ္ထမဏ္ဍိုင်တို့ရယ်။ ဒီလိုအချိန်၊ ဒီလို အခြေအနေမျိုးမှာ ဒီလိုအလုပ်တွေ လုပ်သင့်၊ မလုပ်သင့်ဆိုတာ ကိုမြတ်ဉာဏစိုး စဉ်းစားသင့်တာပေါ့ဗျာ။ ပြည်သူ့ကိုယ်စားလှယ် လုပ်နေပြီး မျက်တောင်မွှေးတဆုံးကိုပဲ ကြည့်တာကတော့ မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ အစိုးရကို အခက်တွေ့အောင်၊ အကျပ်တွေ့အောင် လုပ်ပါ့မယ်လို့များ ဘုရားမှာ ဆုတောင်းထားသလားလို့ မေးလို့ရရင် မေးလိုက်ချင်ပါသေးတယ်။
သတင်းတွေက ထိုမျှသာပါပဲ။ အခုတလော သမ္မတကြီးကို အရမ်းသနားနေမိတယ်။ လူငယ်တွေ ပြောတတ်ကြသလို သူ့ခမြာ သေမယ့်အပတ်ကျမှ စစ်ထဲဝင်မိသလို ဖြစ်နေတယ်။ သမ္မတလေးတစ်ခါ လုပ်မိပါတယ်၊ ပြဿနာပေါင်း တစ်သန်းရှစ်သိန်းလောက်နဲ့ လုံးလည်ချာလည်ကို လိုက်နေတာပဲ။ ဒါကိုတောင် ပြောကြသေးတယ်၊ အပြည့်အ၀ မယုံရသေးဘူး၊ ဒီမိုကရေစီစစ်စစ် မဟုတ်သေးဘူး၊ စသဖြင့် စသဖြင့်ပေါ့လေ။ အင်း... လူတွေများ တယ်ပြီး လူပီသကြသကိုးလို့ ကောက်ချက်ချ၊ သက်ပြင်းချပြီး ကျွန်တော့်စာ ဒီမှာတင်ရပ်ပါရစေဗျာ။ ကျွန်တော့်လက်ကို ကျွန်တော်မထိန်းနိုင်သေးဘူးခင်ဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၀၀ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment