Friday, November 23, 2012

ပြည်သူသို့ အသိပေးခြင်းများ







နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေတဲ့ ၀န်ကြီးဌာနတွေက ပြန်လည်ဖြေရှင်းထားတဲ့ အကြောင်းအရာတွေပါ။ အင်မတန်မှကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေါင်းစဉ်တပ်ထားတာကိုက "ပြည်သူသို့ အသိပေးခြင်း" တဲ့။ ပြည်သူတွေကို သိစေချင်တဲ့အတွက် ၀န်ကြီးဌာနတွေက တလေးတစား အသိပေးတာကို အသိအမှတ်ပြုပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးတွေက သတင်းပြန်လည်ရေးသားကြရာမှာ အားလုံးဖတ်ခဲ့ရတဲ့အတိုင်း ၀န်ကြီးဌာနတွေဟာ ဘယ်လိုအလွဲသုံးစားတွေလုပ်ခဲ့တယ်၊ ဘယ်ဌာနတွေ၊ ဘယ်ဌာနတွေမှာ ပမာဏဘယ်လောက်အထိ အလွဲသုံးစားမှု ပြုခဲ့တယ်ဆိုပြီး မျက်နှာဖုံးသတင်းတင်၊ စာလုံးကြီးတွေနဲ့ ပြူးနေအောင် တင်ပြခဲ့ကြပါတယ်။ ပြည်သူတွေကြားမှာလည်း အဲဒီသတင်းဟာ တကယ့်ကို စိတ်ဝင်စားစရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို ၀န်ကြီးဌာနတွေက ပြန်ဖြေရှင်းတာကိုတော့ ဘယ်ဂျာနယ်ကမှ အရေးတယူ ပြန်ဖော်ပြတာ၊ အရေးတယူနဲ့ ပြန်ရှင်းပြတာ မတွေ့ရပါဘူး။ ဂျာနယ်တွေထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကပဲ အလွဲသုံးစားမှုတွေမှာ ပါဝင်ပတ်သက်နေသလိုလို၊ အဲဒီအလွဲသုံးစားမှုတွေကြောင့်ပဲ နိုင်ငံတော်ကြီးက ရှေ့ဆက်မတက်နိုင်တာလိုလို ရေးကြဖော်ပြကြပါတယ်။ ၀န်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေရှင်းမှုတွေကို ဘယ်ဂျာနယ်ကများ တရေးတယူနဲ့ စာဖတ်သူတွေ နားလည်အောင်၊ အမြင်ရှင်းအောင် ပြန်ထည့်ပေးမလဲဆိုတာကို ကျွန်တော်ကိုဉာဏ် စောင့်ကြည့်လျက် ရှိကြောင်းပါခင်ဗျား။

No comments:

Post a Comment

 
Web Statistics