Friday, November 30, 2012
လက်ရှိအဖြစ်အပျက်များအတွက် ရင်လေးမိပါသည်
၁။ လက်ပန်တောင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒပြတဲ့ကိစ္စတွေ၊ ပါဖောမင့်လုပ်တာတွေ၊ သူတို့ဆီကို သွားတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ထုတ်ပြန်တဲ့ကြေညာချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မှတ်ချက်တွေ၊ ၀င်ရောက်လှုပ်ရှားမှုတွေ၊ လွှတ်တော်မှာ ပြောဆိုဆွေးနွေးမှုတွေ စတဲ့အချက်တွေကို ဂျာနယ်တွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် စုဆောင်းထားခဲ့မိတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေအနေ မကောင်းဘူးဆိုတာသိပေမယ့် အခုလောက်အထိ နိုင်ငံရေးအမြတ်ထုတ်မှု၊ အစိုးရကို အကြပ်ကိုင်မှု၊ မတည်မငြိမ်ဖြစ်အောင် လှုပ်ရှားမှုတွေ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ထို့အတူပဲ အစိုးရဘက်ကလည်း အခုလိုမျိုး နှိမ်နင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
၂။ မနေ့ကတစ်နေ့လုံး အချိန်ရတိုင်း လက်ပန်တောင်းကိစ္စနဲ့ပတ်သက်ပြီး တင်ပေးဖို့ ပို့စ်တစ်ခု ပြင်ဆင်ခဲ့တယ်။ ကိုယ့်အတွေးအမြင်တွေနဲ့ ရေးသားဖော်ပြရင် အဓိပ္ပါယ်ကောက် လွဲသွားနိုင်တဲ့အတွက် အင်တာနက်ပေါ်က သတင်းတွေအားလုံးကိုပဲ စုစည်းပြီး ကိုယ့်အတွေး၊ ကိုယ့်အရေး လုံးဝ (လုံးဝ) မပါတဲ့ ပို့စ်တစ်ခု စီစဉ်ခဲ့တာပါ။ ဒါပေမယ့် မနေ့က ဖတ်ရတဲ့ သတင်းတွေအရ အခြေအနေက တစ်မျိုးပြောင်းသွားပြီဆိုတာ သိလိုက်ရတယ်။ အဲဒါကြောင့် ပို့စ်ကို မတင်ဖြစ်သေးဘဲ ဆိုင်းငံ့ထားလိုက်ရတယ်။
၃။ တကူးတက အပင်ပန်းခံပြီး ပြုစုထားရတဲ့ အကြောင်းအရာတွေကို ကိုယ့်ဘလော့ဂ်မှာ တင်ပေးချင်တာ အမှန်ပါပဲ။ သို့သော်လည်း အခုဖြစ်နေတဲ့ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးပြီး နားလည်ရခက်လှပါတယ်။ အထိအခိုက်လည်း မခံသလို ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်လို့ မြင်မိပါတယ်။ ဒါကြောင့် ရေးချင်သမျှကို မရေးသေးဘဲ မြိုသိပ်ထားလိုက်ပါတယ်။ ဝေဖန်မှုတွေကို ကြောက်လို့မဟုတ်ပေမယ့် အခုလို အချိန်မျိုးမှာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောလို့သိပ်ကောင်းလှတာ မဟုတ်တာမို့ လက်ရှောင်နေလိုက်တာပါ။ ဒါပေမယ့် ရေးလို့ရတဲ့ အတိုင်းအတာအထိတော့ ရေးပါဦးမယ်။ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကို ဖော်ထုတ်ဖို့အတွက် ဘယ်သူ့ကိုမျှ မထိခိုက်အောင် သေသေချာချာ ပြင်ဆင်ပြီး ရေးပါဦးမယ်။
၎။ လက်ရှိကျွန်တော့်သဘောထားကို မပြောလိုသေးပေမယ့် အောက်ကအချက်တွေကိုတော့ သတိပြုသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ စာဖတ်သူနဲ့ ကျွန်တော်နဲ့ အတွေးအမြင် မတူတာကို ကျွန်တော်နားလည်သလို စာဖတ်သူကလည်း နားလည်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းပါ။
(က) ပဋိပက္ခဖြစ်ပွားခဲ့သည့် အကြောင်းရင်း၊
(ခ) စတင်ဖြစ်ပွားသည်မှ ယနေ့အထိ အချိန်ကာလ၊
(ဂ) ထိုကာလအတွင်း လှုပ်ရှားမှုများ၊
(ဃ) အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုများ၊
(င) မီဒီယာတွေရဲ့ သတင်းဖော်ပြပုံများ၊
(စ) ပါတီတွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဆက်နွယ်နေမှု၊
(ဆ) ထောက်ပံ့ကူညီနေသူများ၊
(ဇ) သံဃာတွေ ပါဝင်ပတ်သက်နေပုံ၊
(ဈ) သပိတ်စခန်းအနေအထား ဓာတ်ပုံများ၊
(ည) နယ်မြေခံ တာဝန်ရှိသူများနှင့် သပိတ်စခန်း၏ ဆက်ဆံရေး၊
(ဋ) ကိုင်တွယ်ဆောင်ရွက်မှု၊
(ဌ) အင်တာနက်သတင်းမီဒီယာများနှင့် ပြည်တွင်းဂျာနယ်များ၏ သတင်းဖော်ပြမှုပုံစံ၊
(ဍ) နောက်ဆက်တွဲ သတင်းများ၊
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 
1 comment:
  1. Anonymous3:32 PM
    ကျနော်တို့မြန်မာလူမျိုးတွေ အမျာကြီးပြုပြင်ဖိုလိုပါတယ် အစိုးရဆောင်ရွက်ချက်တွေအားလုံးကို ဆန့်ကျင်မယ် ကန့်ကွက်ဆန္ဒပြနေမယ် ဆိုရင် အစိုးရက ဘာမှမလုပ်ဘဲတိုင်နေဖို့ပဲရှိပါတော့တယ် မြန်မာနိုင်ငံမှာ
    ငွေကြေးအရင်းမရှိသေးတော့ ရှိနေတဲ့သယံဇာတကိုအရင်းပြုပြီးစနစ်တကျ စီမံအသုံးချဖိုပဲရှိပါတယ် မုံရွာကပြည်သူတွေကလဲ မိးမလာတုံးကတော့ ဖရောင်း
    တိုင်ကိုင်ပြီးဆန္ဒပြခဲ့ကြတယ် ရေအားလျှပ်စစ်ထုပ်မယ်ဆိုတော့ ပတ်
    ReplyDelete
Web Statistics