Sunday, May 12, 2013

မိတ်ကောင်း ဆွေကောင်း


ရောဂါတုရေ စ ဒုဗ္ဘိက္ခေ၊
ဗျသနေ စ သတြုဂဟေ။
ရာဇဒွါရေ သုသာနေ စ၊
သခါ တိဋ္ဌာ သုမိတ္တကာ။

အနာရောဂါ နှိပ်စက်ခံနေရသောအခါ
စားစရာ မရှိသောအခါ
စီးပွားပျက်သွားသောအခါ
ရန်သူ့လက်တွင်း ကျရောက်နေသောအခါ
အမှုကိစ္စဖြင့် မင်း၏ နန်းတော်သို့ သွားရသောအခါ
သုဿာန်၌ နာရေးကိစ္စ ဆောင်ရွက်ရသောအခါ
ဤသို့သော အခါတို့၌ မိမိနှင့်အတူ ရပ်တည်၍ ကူညီစောင်မသော မိတ်ဆွေသည် မိတ်ဆွေကောင်းဖြစ်၏။

No comments:

Post a Comment

 
Web Statistics