Wednesday, May 08, 2013

ခံစားမှုများ၊ ပေါက်ကွဲမှုများ၊ ရင်ဖွင့်မှုများ


(က)
တောက်... ဒလိုင်းလားမားလိုလူက မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေမှာ ရဟန်းတော်တွေရဲ့ ပါဝင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ရှုံ့ချတယ်တဲ့။ ကျန်တဲ့ဘုန်းကြီးတွေက ပြောရင်တောင် အဲဒီလောက် စိတ်တိုမိမှာမဟုတ်ဘူး။ အခုတော့... ဒလိုင်းလားမားလိုလူရဲ့ အပြောအဆိုကို ခံရတယ်။ ပြောတဲ့လူကို အပြစ်သွားတင်လို့ မင်းတို့ဆီက သင်္ကန်းဝတ်တွေကရော အပြောမခံရအောင် နေလို့လားလို့ ပြန်မေးရင် ဒီကကောင် ဟတ်ထိရဦးမယ်။ ဒလိုင်းလားမားလို ကမ္ဘာသိပုဂ္ဂိုလ်တစ်ယောက်က ပြောတယ်ဆိုပြီး ဂုဏ်ယူချင်ရင်လည်း ဂုဏ်ယူကြပေါ့ မြန်မာသင်္ကန်းဝတ်တို့ရယ်....။ ၀ီရသူဆိုတဲ့ သင်္ကန်းဝတ်ကလည်း ၀ါးလုံးခေါင်းထဲမှာပဲ လသာချင်နေတာလား မသိဘူး။ လုပ်စမ်းပါ... ဒလိုင်းလားမားလိုမျိုး ကမ္ဘာပတ်ပြီး မွှေပါတော့လား။

(ခ)
ပြန်ကြားရေးဒုဝန်ကြီးနဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးရဲထွဋ် ကို ဒေါက်တာဆိတ်ဖွားလို့ ဘာလို့ထင်ကြတာလဲဆိုတာ ကျွန်တော်ကိုဉာဏ် တကယ်ပဲ နားမလည်ဘူး။ သူ့ခမျာ မဟုတ်ပါဘူး ဆိုတဲ့အကြောင်း ပြောရ၊ ရေးရတာလည်း အာပေါက်တော့မယ်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒီလိုအပြောအဆိုခံနေရတာတွေအတွက် လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူပါဆိုတာ သူတို့သိနေပြီဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေါ့ဗျာ။ အခုတော့ ဟိုလူနိုးနိုး၊ ဒီလူနိုးနိုးနဲ့ ဘာမှန်းကိုမသိဘူး။ တစ်ခု အံ့သြစရာ ကောင်းတာကတော့ ဘာကိစ္စပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ သတင်းပေါက်ကြားခဲ့တဲ့ လွှတ်တော်ဟာ ဒီတစ်ခါတော့ ဒေါက်တာဆိတ်ဖွားကိစ္စမှာ ဘယ်သူ့ဆီကမျှ သတင်းမပေါက်တာပါပဲ။ ဘယ်ဂျာနယ်ကမျှလည်း ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူပါလို့ လွှတ်တော်အမတ်ကြီးတွေဆီမှာ တိတ်တိတ်လေးကပ်မေးပြီး ရေးကြတာကို မတွေ့ရပါဘူး။ နောက်ထပ် မတွေ့ရတာတစ်ခုက ဘယ်ဂျာနယ်၊ ဘယ်မီဒီယာကမျှ ဒေါက်တာဆိတ်ဖွားကိစ္စမှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ထိပါးတယ်လို့ မအော်၊ မပြော၊ မရေးကြတာပါပဲ။ ဟားဟားဟား.... ကိုယ့်ထိမှ နာတတ်ကြတာကိုး။ ဦးရဲထွဋ်က ဒေါက်တာဆိတ်ဖွား မဟုတ်ဘူးဆိုရင် ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ။ အမေရိကန်တွေ အိုစမာဘင်လာဒင် ရှာတုန်းကလို ဖြစ်နေပြီထင်ပါရဲ့။ ဟိုနိုင်ငံမှာရှိသလိုလို၊ ဒီနိုင်ငံမှာရှိသလိုလိုနဲ့ သတင်းတွေ တစ်ခုပြီးတစ်ခုထုတ်ခဲ့တာ ပြန်သတိရမိပါတယ်။ အခုလည်း လွှတ်တော်ကသိနေပါပြီဆိုတဲ့ ဒေါက်တာဆိတ်ဖွားကို ဘယ်နိုင်ငံက ဘယ်စံအိမ်ကြီးမှာ ဘယ်လိုပုံစံနဲ့ တွေ့ရဦးမလဲလို့ စိတ်ဝင်စားမိပါတယ်။

(ဂ)
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပဲ့ကိုင်ရှင် မန်နေဂျာ ဖာဂူဆန်တစ်ယောက် အနားယူတော့မယ် ဆိုတဲ့အကြောင်း တရားဝင်ထုတ်ဖော် ကြေညာသွားခဲ့ပါပြီ။ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူပေးခဲ့ပြီး အနိုင်နဲ့ပိုင်းသွားခဲ့တာပါ။ ဒီစံချိန်ကို မီနိုင်တာဆိုလို့ လီဗာပူးလ်တစ်သင်းပဲ ရှိပါတယ်။ ဒါပေမယ့် လီဗာပူးလ်ရဲ့ အခြေအနေနဲ့လည်း နောင် ၁၀ နှစ်လောက်အထိ မန်ယူရဲ့ စံချိန်နဲ့တူအောင် လိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အဲဒီအတွက် ဖာဂူဆန် မသေမချင်းတော့ သူ့စံချိန်ကို မီမယ့်လူ ပေါ်လာဦးမယ်မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကမ္ဘာ့နာမည်အကြီးဆုံး အသင်းတစ်ခုဖြစ်အောင် တည်ဆောက်ပေးခဲ့တဲ့ ဖာဂူဆန်ကို မန်ယူပရိသတ်အားလုံးက အမြဲတစေ အမှတ်ရနေမှာပါ။ နောင်လာမယ့် မန်ယူအသင်းရဲ့ ပွဲစဉ်တွေမှာ ဖာဂူဆန်ရဲ့ အော်ဟစ်ညွှန်ကြားတဲ့ ပုံရိပ်တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပေမယ့် ဘော်ဘီချာလ်တန်တို့နဲ့အတူ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းကို အထူးတန်းကနေ ကြည့်ရှုနေတာကိုတော့ ရုပ်သံတွေကနေတစ်ဆင့် မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဂုဏ်ယူပါတယ် ဖာဂူဆန်၊ လေးစားပါတယ် ဖာဂူဆန်၊ ဦးညွတ်ပါတယ် ဖာဂူဆန်။ သင့်ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို အမြဲတစေ အားကျအတုယူလျက်ပါ။

(ဃ)
ဟိုပန်မြို့နယ်မှာ ၈၈ မျိုးဆက်အဖွဲ့ကို လာရောက်ခြင်းမပြုဖို့ ကန့်ကွက်ဆန္ဒပြတဲ့သတင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ သူတို့နည်းနဲ့သူတို့ ပြန်ခံနေရပြီလားဆိုတာ စိတ်ဝင်စားစရာပဲ။ ဂျာနယ်တွေ ဘယ်လိုရေးမလဲဆိုတာ စိတ်ဝင်တစား စောင့်ဖတ်မယ်။ အထူးသဖြင့် ၈၈ မျိုးဆက်ကို လုံးဝအထိမခံတဲ့ ဆရာမောင်ဝံသ ဘာရေးမလဲ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ကျွန်တော့်မှတ်ချက်ကို ဘာမျှမပြောလိုသေးဘူး။ သူများတွေရဲ့ မှတ်ချက်ကို အရင်စောင့်ဖတ်မယ်။ စိတ်ဝင်စားတာက အခုဆန္ဒဖော်ထုတ်တာကိုရော ဘယ်သူတွေက စီစဉ်ပေးတာလဲ။ ၈၈ မျိုးဆက်ကို မကျေနပ်တာဆိုရင်တော့ ၂၀၀၈ မျိုးဆက်ပဲ ဖြစ်မှာပေါ့ဗျာ။ နော...။ :D


(င)
ကြိုးဖုန်းတွေကနေ ပြည်ပဖုန်းခေါ်ဆိုခကို ဈေးနှုန်းလျှော့ချပေးတယ်တဲ့။ အင်း... လုပ်ချင်ရာသာ လုပ်ကြပါလေ။ မပြောချင်တော့ပါဘူး... ပြောကို မပြောချင်တော့ပါဘူး။ လုပ်ချင်ရာအလုပ်ဆုံးနဲ့ အပြောင်းအလဲ အများဆုံး ၀န်ကြီးဌာနကို ဆုပေးပါဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနကို ပေးရမယ်။ ဘယ်ဟာမှလည်း တည်တည်ငြိမ်ငြိမ်နဲ့ မူချထားတာ မရှိဘူး။ အခုလည်း ကြိုးဖုန်းတွေကနေ ပြည်ပခေါ်ဆိုခကို ဈေးလျှော့ပေးတာ အကောင်းမဟုတ်ဘူး။ ပြည်ပကိုဖုန်းခေါ်ဆိုရာမှာ ကြိုးဖုန်းတွေကို အသုံးပြုတဲ့လူ နည်းနေတဲ့အတွက် ၀င်ငွေနည်းနေလို့ လျှော့ပေးတာတဲ့။ ဈေးလျှော့ပေးတဲ့အတွက် ကြိုးဖုန်းကနေတစ်ဆင့် ပြည်ပခေါ်တဲ့လူတွေ များလာအောင်ပေါ့လေ။ အင်း... ပြောလိုက်ရင်တော့ မကောင်းရှိရော့မယ်။

(စ)
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ရန်ကုန်က သြစတြေးလျကလပ်မှာလုပ်မယ်။ ဦးဆောင်ကျင်းပမှာက သြစတြေးလျနိုင်ငံက Sydney Law School တဲ့။ အင်း... သေချာတယ်... သတင်းမှာရေးထားတဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်အသီးသီးက ဖတ်ကြားမယ်ဆိုတာလည်း နိုင်ငံခြားသားတွေပဲ ဖြစ်လိမ့်မယ်။ တောက်... သေသာသေလိုက်ချင်တော့တယ်။ မြန်မာနိုင်ငံမှာ ဥပဒေပညာရှင် မရှိတော့ဘူးလား။ အင်းလေ... ဘယ်ရှိတော့မလဲ ဥပဒေပညာရှင် အားလုံးကလည်း လွှတ်တော်ကိုကြောက်ပြီး ဥပဒေအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းတောင် မပြောချင်လောက်အောင် ဖြစ်သွားကြရရှာတာကိုး။ ကျုပ်တို့နိုင်ငံမှာ ဘာပဲလုပ်လုပ် နိုင်ငံခြားဖြစ်မှ အထင်ကြီးတဲ့ရောဂါက အတော်အမြစ်တွယ်နေပြီကိုး။ အခုဆွေးနွေးပွဲကို ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်တဲ့။ မပြောတော့ဘူးလို့နေတာ... မပြောရင်မဖြစ်လို့ ပြောလိုက်ဦးမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင် ဖွဲ့တဲ့ကိစ္စကို အဆိုတင်တာရော၊ ထောက်ခံတာရော၊ အတည်ပြုတာရော SkyNet ကျေးဇူးနဲ့ မျက်မြင်ကိုယ်တွေ့ ကြည့်လိုက်ရပါတယ်။ အဲဒါကို The VOICE က ရေးထားပုံက သင်းပါ့ဗျာ။ ဖတ်ကြည့်ပါဦး။ ဆဲတော့သာ ဆဲတဲ့လူ အပြစ်ဖြစ်တယ်။ ရေးတဲ့လူကလည်း ဆဲချင်အောင် ရေးတော့.....။ အို... ဆရာအောင်ထွဋ်ကို လွမ်းမိပါတော့တယ်။


(ဆ)
ငွေကျပ် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်းဆင်းကတ်တွေ အခု မေလကုန်မှာ ထပ်ချပေးမယ်တဲ့။ ၀မ်းသာရပါတယ်။ လစာငွေ အများအပြားမရှိရှာတဲ့ သာမန်လက်လုပ်လက်စားတွေ၊ ၀န်ထမ်းတွေ ရကြပါစေလို့ ဆုတောင်းပေးပါတယ်။ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ ပါဂျဲရိုးကားကြီးတွေ၊ မာစီးဒီးကားကြီးတွေစီး ရပ်ကွက်ရုံးကိုလာပြီး ဖုန်းဆင်းကတ် မဲနှိုက်ခြင်းမလုပ်ကြဖို့လည်း တောင်းပန်လိုက်ပါတယ်။ တစ်လက်စတည်း ပြောချင်တာက ဈေးကွက်ဝယ်လိုအား ရှိနေလေတော့ ဆင်းကတ်တွေလှိမ့်ရောင်းပြီး ဖုန်းတွေခေါ်မရ၊ ပြုမရ မဖြစ်အောင်လည်း လုပ်ပေးကြဖို့ တာဝန်ရှိသူများကို တောင်းပန်လိုက်ပါတယ်။

(ဇ)
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပူပူလောင်လောင်သတင်းတွေ ဖတ်ရတာလည်း အတော်ကြီးကို စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ မလုပ်ကြပါနဲ့ကွယ်ရို့။ နိုင်ငံကဖြင့် အခုအချိန်အထိ သူများနောက်ကနေ မတက်နိုင်သေးဘူး။ တဂျိန်းဂျိန်း၊ တဒိုင်းဒိုင်း လုပ်ချင်တဲ့စိတ်တွေကို လျှော့ကြပါကွယ်ရို့။ လက်နက်ကိုင် အဖွဲ့တစ်ခုက သူတို့ကို တရားမ၀င် အဖွဲ့အစည်းအဖြစ် ပြောဆိုရေးသာတာကို သဘောမတူဘူးတဲ့။ ခက်ချေပေါ့တကား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးထင်ပါရဲ့။ စာမဖတ်တတ်ကြဘူးထင်ပါရဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ဖတ်နိုင်ပါတယ်ဗျာ။ တစ်ခေါက်လောက်ဖြစ်ဖြစ် ဖတ်ကြည့်ကြပါဦး။ တွေ့တဲ့လူတွေကိုစု၊ လက်နက်ဝယ်၊ ဓားပြသာသာ အလုပ်တွေလုပ်၊ ဒေသတစ်ခုခုနာမည်၊ ဒါမှမဟုတ် လူမျိုးစုတစ်ခုခုရဲ့ နာမည်တပ်ပြီး အဲဒီဒေသ/လူမျိုး လွတ်မြောက်ရေးအတွက် လုပ်တာပါလို့ပြော၊ ဒါဆိုရင် တပ်မတော်ဖြစ်ပြီလား။ တရားဝင်ပြီလား။ ဟေ့... ရှင်းရှင်းပဲပြောမယ်... ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါတို့နိုင်ငံမှာ တရားဝင်တပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ လက်နက်ကိုင်ထားတဲ့ လူတိုင်းကို တပ်မတော်သတ်မှတ်ပြီး ကြောက်ရလောက်အောင် ငါတို့ မတုံးဘူး၊ မအဘူး၊ အရေမထူဘူး။ မြန်မာပြည်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုပဲ ရှိလို့ တော်ရော့တယ်။ ကိုယ့်ဘာသာကိုယ် တပ်မတော်ဆိုပြီး ဖွဲ့ထားတဲ့ လက်နက်ကိုင်သူပုန်က အဖွဲ့ ၂၀ လောက်ရှိတယ်။ အစိုးရက ငြိမ်းချမ်းရေးအတွက် အလျှော့ပေးလေ၊ ဒင်းတို့က လက်တစ်ဆုံးနှိုက်လေပဲ။ မြောက်ကိုရီးယား လုပ်တဲ့အပေါက်မျိုးတော့ မလုပ်ကြလေနဲ့။ တပ်မတော်ကလွဲရင် ကျန်တဲ့လက်နက်ကိုင် အဖွဲ့အားလုံးကို အမြစ်ပြတ်ချေမှုန်းပစ်ပါဆိုပြီး ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ပစ်လိုက်မယ်။ ဘာမှတ်နေလဲ။ လက်နက်ကိုင်ချင်ရင်၊ စစ်ယူနီဖောင်းဝတ်ချင်ရင်၊ ကာကွယ်ရေးလုပ်ချင်ရင် တပ်မတော်ထဲကိုသွားပေါ့ကွ။ ကိုယ်ပိုင်တပ်မတော်များ ထူထောင်ရန်မလိုပါ။ ငါသိငါတတ် မီဒီယာများ နှုတ်ဆိတ်နေကြသည်၊ နှာစေးနေကြသည်၊ ပါးစပ်တွေပိတ်နေကြသည်၊ ဆွံ့အနေကြသည်။ ရှိစေတော့တကား...။

စာကြွင်း
ကျွန်တော်ကိုဉာဏ် နိုင်ငံရေးပညာရှင်မဟုတ်ပါ၊ နိုင်ငံရေးနှင့်သက်ဆိုင်သော ဘွဲ့ဒီဂရီများလည်း မရှိပါ။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်စိတ်ဝင်စားသည့် သာမန်နိုင်ငံသားတစ်ဦးသာ ဖြစ်ပါသည်။ မြင်တွေ့ကြားသိနေသမျှအပေါ် ဖြစ်ပေါ်လာသည့် ခံစားချက်များကို စာသီကုံးမိခြင်းသာ ဖြစ်ပါသည်။ မှားသည်မှန်သည်ကိုတော့ စာဖတ်သူများသာ နှိုင်းချင့်ကြပါကုန်။ လွန်တာရှိက ၀န္ဒာမိပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၆ နာရီ ၅၅ မိနစ်တွင်ပြီး၏။

4 comments:

  1. ငြိမ်း ချမ်း ရေး တ မန်11:55 PM

    အ ရှုး ထောင် ကို အ လည် ရောက် သွား သ လို ခံ စား မိ ပါ တယ်။ လမ်း ဘေး ဆိုက် ကား သ မား လို ဂျာ နယ် သုံး စောင် လောက် ဖတ် ပြီး အား ဘောင် အား ရင်း သန် သန် နဲ့ ပေါက် ပန်း သေး လျှောက် ပြော နေ သ လို ဘဲ။အား တော့ နာ တယ်။ နောက် တ ခါ ၀င် မ ဖတ် တော့ ဘူး။

    ReplyDelete
  2. Anonymous5:58 AM

    ငြိမ်း ချမ်း ရေး တမန် ကိုယ် တိုင် က ရော ဘာကောင် လဲ။ ဘာ တွေ လုပ် ဘူး လဲ။

    ReplyDelete
  3. Anonymous2:00 PM

    အဲဒီ ငြိမ်းချမ်းရေးတမာန်ဆိုတဲ့ ပုဂ္ဂိုလ်ရေ
    ကိုယ့်လူကရော ဒီနေ့ မျက်မှောက်ဖြစ်စဉ်တွေကို
    ဘယ်လို နားလည်ပြီး၊ ဘယ်လို သုံးသပ်မိလို့တုန်း။
    လုပ်စမ်းပါဦးဗျ။
    ကိုယ်ကိုယ်တိုင်က ဘာမှလည်း အဖြစ်မရှိပဲနဲ့
    အမြင်မတူတာနဲ့ပဲ ခုလို ရှုတ်ချတာ ရှက်စရာပါ။
    ကို့ယ့်လူလို ဘေးထိုင် ဘုပြော
    အရူးချီးပန်းလူစားများတွေကိုလည်း ဒီဘလော့မှ မမြင်ချင်ပါဘူး။
    ကိုယ့်လူက အမြင်နိမ့်တယ်၊ အမြင်ကျဉ်းတယ်။
    ကျောင်းသားအရေခြုံ ၈၈-လုပ်စားကောင်တွေလို
    လေဖမ်း ၀ရမ်းချည်၊ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် လူစားပါ။
    ( မြေလတ်လုလင် )

    ReplyDelete
  4. Anonymous2:09 PM

    ငြိမ်းချမ်းရေးတမန် ဆိုတဲ့ကောင်က
    ဘာကောင်လည်းကွ။
    မင်းကရော ဘယ်လောက်အဆင့်ရှိလို့လည်း။
    ပညာရှင် သူ့အမြင် သူ့ခံစားမှုကို အပြုသဘောနဲ့
    တင်ပြတာ၊ ဆွေးနွေးချပြတာကွ။
    မင်းက ဘာနားလည် ဘာတတ်လို့
    ချီးထုတ်လုပ်နေတာတုန်း။
    အေး
    မင်းကိုလည်း ဒီဘလော့မှ မမြင်ချင်ဘူး။
    ချီးစော်နံလွန်းလို့၊
    ( အညာဖိုက်တာ )

    ReplyDelete

 
Web Statistics