Tuesday, June 04, 2013

မယားမြတ် လက္ခဏာများ


ဘုတ္တေသု မဏ္ဍေသု ဇနနီဝ ကန္တိနီ၊
ဂုယှေ စ ဌာနေ ဘဂိနီဝ ဟိရိဏီ။
ကမ္မေသု ပတ္တေသု ကရောတိ ဒါသီဝ၊
ဘယေသု မန္တိ သယနေသု ရမ္မတီ။
ရူပီသု သိက္ခာ ကုပ္ပနေသု ခန္တိနီ၊
သာနာရီ သေဋ္ဌာတိ ၀ဒန္တိ ပဏ္ဍိတာ။
ကာယဿ ဘေဒါ စ ဒိဝေ ဘဝေယျ။

အကြင်မယားသည် စားသောအခါ၊ အဆင်တန်ဆာ ၀တ်ဆင်သောအခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်ပေးတတ်၏။
လျှို့ဝှက်သင့်သော အမှုကိစ္စတို့၌ နှမလေးကဲ့သို့ ရှက်တတ်၏။
အလုပ်ကိစ္စများ ပေါ်ပေါက်လာသောအခါ အလုပ်သမားလေးကဲ့သို့ လေးလေးစားစား လုပ်ကိုင်တတ်၏။
ဘေးအန္တရာယ် ကျရောက်လာသောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်၏။
အိပ်ရာဝင်သောအခါ မွေ့လျော်ဖွယ်ဖြစ်အောင် ဆောင်ရွက်တတ်၏။
မိမိကိုယ်ကို ရှုချင့်စဖွယ် တင့်တယ်လှပအောင် လုပ်တတ်၏။
လင်ဖြစ်သူက အခန့်မသင့်၍ အမျက်ထွက်သောအခါ သည်းခံ၍ ပြေရာပြေကြောင်း ပြောဆိုတတ်၏။
ထိုကဲ့သို့သော မယားမျိုးကို မယားမြတ်ဟူ၍ ပညာရှိတို့ မိန့်ဆိုကြကုန်၏။
ထိုမယားမြတ်သည် သေလွန်သွားသောအခါ၌လည်း နတ်ပြည်သို့ ရောက်ရ၏။

1 comment:

  1. လောကမှာ မယားမြတ်နဲ့ တူတဲ့
    မိန်းမ ရောရှိသေးလို့ လား
    ရှိမယ်ဆိုရင်တော့
    မြင် ဖူးချင် ပါတယ်

    ReplyDelete

 
Web Statistics