Monday, July 29, 2013

သမိုင်းထဲက ဇူလိုင် ၂၉


၂၉ ဇူလိုင် ၁၉၄၅
ဂျပန်စစ်တပ်က မော်လမြိုင်ရေတွင်းကုန်းရွာမှ ကျောင်းအုပ်ကြီး ရာမန်နှင့် အဖော် ၂၃ ဦးတို့အား ဗြိတိသျှသူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးပြီး မော်လမြိုင်ထောင်ထဲတွင် ရေနှင့်ပက် စစ်ဆေးခြင်း၊ တုတ်နှင့်ရိုက် စစ်ဆေးခြင်း၊ တုပ်တွင်ဆွဲပြီး စစ်ဆေးခြင်း အစရှိသဖြင့် မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်သည်။

ဂျပန်နိုင်ငံက မဟာမိတ်နိုင်ငံတို့၏ ခြွင်းချက်မရှိ လက်နက်ချရန် ရာဇသံကို ငြင်းဆိုသည်။

၂၉ ဇူလိုင် ၁၉၄၇
တိုင်းပြည်ပြုလွှတ်တော် ဒုတိယအစည်းအဝေးကို စတင်ကျင်းပသည်။

၂၉ ဇူလိုင် ၁၉၄၈
ပြည်သူ့ရဲဘော်ဖြူတပ်ဖွဲ့ (ဖြူ) များကို ဖမ်းသည်။ ပြည်သူ့ရဲဘော် (ဖြူ) များ တောခိုသည်။

၂၉ ဇူလိုင် ၁၉၈၀
နိုင်ငံတော်ကောင်စီနှင့် အာဏာပိုင်အဖွဲ့အစည်းများကိုယ်စား နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားမေတ္တာရပ်ခံချက်ဖြင့် ၀န်ကြီးချုပ်ဟောင်း ဦးနု နှင့် ဇနီး ဒေါ်မြရီ တို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

No comments:

Post a Comment

 
Web Statistics