Saturday, July 14, 2007


တို့ ရွှေနိုင်ငံ

ကိုဉာဏ် (ပန်းလောင်မြေ)

ရွှေရောင်ဝင်းလျှံ၊ ကျောင်းကန်ဘုရား

များလှထွေထွေ၊ ယဉ်ကျေးမွေနှင့်

ဖော်ရွေပျူငှာ၊ စိတ်ထားဖြူကာ

ငါတို့လူမျိုး၊ သာကီမျိုးဟု

ထိုးခဲ့မော်ကွန်း၊ ထွန်းခဲ့ဂုဏ်ရှိန်

တထိန်ထိန်နှင့်၊

တည်ငြိမ်အေးချမ်း၊ ပြည်အ၀န်း၌

ငြိမ်းချမ်းသာယာ ပြည်မြန်မာ။

တို့ပြေမြန်မာ လွန်သာယာ။

ကောက်ပင်စိမ်းလန်း၊ ရွှေရောင်လွှမ်းသည်

ဝါဂွမ်းခရမ်း၊ ပြောင်းပဲနှမ်းနှင့်

နီးလျှမ်းငရုတ်၊ ဂေါ်ဖီထုပ်နှင့်

ထုတ်လုပ်စားကုန်၊ သီးနှံစုံရှင့်

ပေါလျှံများပြား၊ တို့ပြည်သားတွက်

စားနပ်ဖူလုံ၊ ပြည့်ကုံလုံကြောင်း

မောင်းတီးအလှူ၊ သက်သေထူပြီ

တို့ကြေးစည်သံ ဘ၀ဂ်ညံ။

မြန်မာတို့၏ ကုသိုလ်သံ။

ဘိုးဘေးမြန်မာ၊ ငါမြန်မာပဲ

ဒီမြေမှာမွေး၊ သွေးနီစွေးလျက်

စိတ်လည်းထက်ထက်၊ တရားဖက်ကာ

ဒီမြေကောင်းကျိုး၊ ငါ သယ်ပိုးအံ့။

ဒီမြေအရေး ငါ အလေးပေးအံ့။

ဒီရေမြေတွက် သက်စွန့်ဆပ်အံ့။

ဒါ ငါတို့မြေ ငါတို့ရေ။

တို့ဘိုးဘွားမွေ မြန်မာပြေ။

No comments:

Post a Comment

 
Web Statistics