Wednesday, September 12, 2007

နားလည်မှာပါ - မောင်ကောင်းထိုက်


ရုရှားကဗျာဆရာကြီး “မာယာကော့စကီး” သည် မိမိ၏ စာဖတ်ပရိသတ်များနှင့် မကြာခဏ တွေ့ဆုံ၏။ ဤတွေ့ဆုံပွဲ၊ ဟောပြောပွဲများတွင် ပရိသတ်၏ မေးခွန်းကို ဖြတ်ထိုးဉာဏ်နှင့် ခပ်ကြမ်းကြမ်းဖြေလေ့ရှိ၏။ ဤသို့ ဖြေသည်ကိုလည်း ပရိသတ်က နှစ်ခြိုက် သဘောတွေ့၏။

တစ်ခုသော တွေ့ဆုံပွဲတွင် စာဖတ်သူတစ်ဦးက ပြောသည်။

“မာယာကော့စကီး၊ ခင်ဗျားရဲ့ ကဗျာတွေကို နားမလည်ဘူး”

ကဗျာဆရာ ပြန်ပြောသည်။

“ကိစ္စမရှိဘူး၊ ခင်ဗျားရဲ့ သားသမီးတွေ နားလည်လာပါလိမ့်မယ်”

“ကျွန်တော့်ကလေးတွေလည်း နားလည်မှာ မဟုတ်ဘူး”

“ခင်ဗျားရဲ့ ကလေးတွေ ခင်ဗျားအတိုင်း ဖြစ်လာမယ်လို့ ဘာဖြစ်လို့ ထင်တာလဲ၊ ကလေးတွေရဲ့ အမေဟာ ပိုပြီး ဉာဏ်ကောင်းတဲ့သူ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကလေးတွေ သူတို့အမေနဲ့ တူချင်တူနေမှာပေါ့”

( ဟာသပဒေသာ အမှတ်-၁၉ မှ ပြန်လည် ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics