Saturday, September 15, 2007

မြန်မာနိုင်ပြီ


တတိယအကြိမ်မြောက် အာစီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးကွင်း တွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ထိုင်းအမျိုးသမီး လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို အနိုင်ရ ဗိုလ်စွဲသွားပါသည်။
မိနစ် ၉၀ ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပါသည်။
အချိန်ပို ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါသည်။
အချိန်ပို ဒုတိယပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ အချိန်ပိုပထမပိုင်းတွင် သွင်းယူထားခဲ့သော တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပါသည်။
ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာ မြန်မာအသင်း သွင်းဂိုးအားလုံး (၄ လုံး) ၀င်၍ ထိုင်းအသင်းက တစ်ဂိုးသာ ၀င်အောင်ကန်သွင်းနိုင်သဖြင့် မြန်မာအသင်းက စုစုပေါင်း ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးအသင်းသည် အာစီယံချန်ပီယံရှစ်တွင် ဒုတိယအကြိမ်ဗိုလ်စွဲပြီး အကြိမ်အများဆုံးအဖြစ် စံချိန်တင်ထားခဲ့ပြီ ဖြစ်ပါသည်။
ပထမအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ - မြန်မာ
ဒုတိယအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ -ဗီယက်နမ်
တတိယအကြိမ် အာစီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ချန်ပီယံ -မြန်မာ
မြန်မာနိုင်ပြီ...
တို့မြန်မာနိုင်ပြီ...
...
....
အနိုင်ရဗိုလ်စွဲခဲ့သော မြန်မာအမျိုးသမီးဘောလုံးအသင်းအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။
မြန်မာ့သွေးအဖွဲ့
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်
(၂၁၅၂) နာရီ


Powered by ScribeFire.

No comments:

Post a Comment

 
Web Statistics