(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)
အလောင်းစည်သူ နတ်ရွာစံလျှင် နရသူက ထီးနန်းသိမ်းပိုက်လေသည်။ နောင်တော် မင်းရှင်စော ကြားသိ၍ ချီလာသော် လှည့်စား၍ နန်းတင်ပြီးလျှင် ညဥ့်အခါ အဆိပ်ခတ်၍ လုပ်ကြံသဖြင့် ထီးနန်းကို နရသူပင် ဆက်လက်စိုးအုပ်လေသည်။ မင်းကြီးသည် ရဟန်းသံဃာတို့အား နောက်လိုက်နောက်ပါရှိ၍ ထီးနန်းလုယူမည်လောဟု သံသယ၀င်ကာ၊ မောင်းမများအား ဖြားယောင်း၍ လူထွက်စေသည်။ မိန်းမများအား ရင်ကွဲဗလာထဘီ ၀တ်စားစေသည်။ ဓမ္မရံသီ (ဓမ္မရံကြီး) စေတီကိုတည်သော်လည်း စေ့စပ်လွန်း၍ မပြီးချေ။ မင်းကြီးသည် ခမည်းတော်ထံ ဆက်သသော ကုလားမင်းသမီးကို ဆက်လက်သိမ်းပိုက်ရာ မင်းကြီးသည် သန့်သက်ရေမဆောင်သဖြင့် ရွံရှာ၍ မခစားဘဲနေသည်ကို အမျက်ထွက်၍ စီရင်သတ်ဖြတ်လေသည်။ ပဋိက္ခရားပြည် ကုလားမင်းကြားသိ၍ ကုလားသူရဲရှစ်ယောက်ကို ပုဏ္ဏားယောင်ဆောင်စေကာ စေလွှတ်လုပ်ကြံစေသဖြင့် နရသူမင်းလည်း နတ်ရွာစံရလေသည်။ နောင်အခါ ကုလားကျမင်းဟု ခေါ်တွင်လေသည်။
မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Friday, November 13, 2009
၄၆။ နရသူမင်း (၅၂၉-၅၃၂)
Posted by Ko Nyan Posted Time 3:33 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment