ဒီအပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခုကိုဖတ်ပြီး ကျွန်တော့်မှာ ဘာပြောရမှန်းကိုမသိဘူး။ တွေးတောရမှာလား၊ ရယ်ရမှာလား၊ သြော်… ဆိုပြီး အာမေဋိတ်သံလေးခံပြီး မှတ်ချက်တစ်ခုခုပေးရမှာလားဆိုတာ မပြောတတ်တော့ဘူး။ မိုဘိုင်းလ်ဖုန်းခေါ်ဆိုခတွေ တက်သွားတာနဲ့ပတ်သက်ပြီး ရေးထားတာပါ။ "မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ ပြောင်းလဲသော်လည်း ဈေးကွက်အတွင်း ရိုက်ခတ်မှုမရှိဟုဆို" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းထောက် ယမုန်မြင့်အောင် ရေးသားကြောင်းဖော်ပြထားပါတယ်။
လူကြီးမင်းဖုန်းဆိုင်က ဦးကိုကိုအောင်ပြောထားတာလေးတွေကို ဖတ်ကြည့်ပါဦး။
"ခေါ်ဆိုခတွေ ပြောင်းသွားပေမယ့် ဈေးကွက်ကိုတော့ မထိခိုက်ပါဘူး။ စပြောင်းခါစ တစ်ရက်၊ နှစ်ရက်လောက်တော့ ဖုန်းပြောတာ လျှော့သုံးကြတယ်။ နောက်တော့ ပုံမှန်ပါပဲ။ ဖုန်းဘီလ်ထွက်လာမှသာ သုံးတဲ့သူတွေ ရင်ခုန်ကြရမှာ။ ဖုန်းဈေးကွက်ကတော့ ပုံမှန်ပါပဲ"
"အဓိက,ကတော့ ဖုန်းပြောတာတွေ လျှော့စေချင်လို့ပါ။ တချို့တွေက ထမင်းစားပြီးပြီလားတို့ ဘာတို့ကစပြီး လျှောက်ပြောကြတော့ နက်ဝပ်ခ်တွေကျပ်လာလို့ ဘီလ်တက်လိုက်တာပါ။ ဖုန်းပြောတာတွေ နည်းလာတော့ နက်ဝပ်ခ်တွေ ချောင်လာပြီး Connection တွေ ကောင်းလာအောင် လုပ်တာလို့ ထင်ပါတယ်။ အရင်က လူတစ်ယောက်ကို တစ်နေ့ဆယ်ခါခေါ်ရင် အခု ငါးခါလောက် ခေါ်ဖြစ်တော့တာပေါ့။ ဖုန်းသုံးတဲ့ဈေးကွက်ကိုမဟုတ်ဘဲ ဖုန်းခေါ်နှုန်းကိုပဲ လျော့အောင်လုပ်တာပါ"
ဖုန်းပွဲစားတစ်ဦးဆိုသူက-
"ဖုန်းအရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ဈေးနှုန်းအတက်အကျလဲ မရှိပါဘူး။ နာမည်ပေါက်ဆို ၁၆ သိန်းခွဲ ၀န်းကျင်နဲ့ နံပါတ်နိမ့်က ၁၅ သိန်းခွဲလောက်ပါ။ အပြောင်းအလဲမရှိပါဘူး"
ဖုန်းသုံးစွဲသူတစ်ဦးပြောထားတာကတော့
"ဖုန်းခေါ်ခနှုန်းတော တက်သွားတော့ ဘယ်မှတောင် မခေါ်ရဲတော့ဘူး။ တကယ်လိုအပ်မှပဲ ခေါ်ပြီး လိုတိုရှင်းပဲ ပြောတယ်။ ဖုန်းဘီလ်ထွက်လာမှာကို ကြောက်နေတယ်။ ဖုန်းဘီလ်တွေ ထပ်မတက်စေချင်တော့ဘူး"
[ဘာကြောင့်တင်ပေးတယ်၊ ကျွန်တော်ဘာတွေတွေးနေမိတယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ ဘလော့ဂ်ဖတ်သူအနေနဲ့စာ ကိုယ့်ဘာသာကိုယ် တွေးကြည့်၊ စဉ်းစားကြည့်စေချင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်တွေးချင်ရာကို လွတ်လွတ်လပ်လပ်တွေးရတာက ပိုအရသာရှိတယ်ဗျ]
Friday, January 15, 2010
မိုဘိုင်းလ်ဖုန်းခေါ်ဆိုခများ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြစ်သွားပြီးနောက်
Posted by Ko Nyan Posted Time 9:43 AM
Labels news, သတင်း-News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment